Connect with us

Politics, Law & Military

ဟောင်ကောင်အစိုးရက ဗြိတိန်၏ ဟောင်ကောင်ဆိုင်ရာ ပါတီပေါင်းစုံဉပဒေပြုအမတ်အဖွဲ့ ၏ အစီရင်ခံစာအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းပြောကြား

တရုတ်နိုင်ငံ ဟောင်ကောင်ရှိ Golden Bauhinia ရင်ပြင်တွင် တရုတ်နိုင်ငံတော်အလံ နှင့် ဟောင်ကောင်အလံ ပူးတွဲလွှင့်ထူထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအနေဖြင့် ဗြိတိန်၏ ဟောင်ကောင်ဆိုင်ရာ ပါတီစုံ ဥပဒေပြုအမတ်အဖွဲ့(APPG) ၏ ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း နှင့် ယင်းမှာ အလွန်ဆိုးဝါးသောလုပ်ရပ်ဖြစ်ကြောင်း ဩဂုတ် ၅ ရက်တွင် ထုတ်‌ဖော်ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေပြဌာန်းခြင်းနှင့် စပ်လျဉ်း၍ ဗြိတိန်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်သည် ဘက်လိုက်ထားသော ထုတ်ပြန်ချက်တစ်စောင်သာ ဖြစ်ကြောင်း ဟောင်ကောင်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ ၎င်းက အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိချိန်ကတည်းက ဟောင်ကောင်အစိုးရ(HKSAR) အနေဖြင့် “ တစ်နိုင်ငံ စနစ်နှစ်မျိုး” အခြေခံစည်းမျဉ်း ၊ “ ဟောင်ကောင်ပြည်သူများ ဟောင်ကောင်ကို စီမံခန့်ခွဲခြင်း” နှင့် ဟောင်ကောင်(HKSAR) အခြေခံ ဥပဒေအရ အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် အမိန့်ဒီဂရီကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းမှာ နိုင်ငံတိုင်းအတွက် မိမိတို့၏ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် တရားဝင် အခွင့်အရေးနှင့်တာဝန် ပင်ဖြစ်သည်။ ဗဟိုအစိုးရအာဏာပိုင်များ၏ အကန့်အသတ်ဖြင့် တာဝန်ခံမှုအောက်တွင် အမျိုးသားလုံခြုံရေးဥပဒေသည် အောက်ဖက်သို့ ဦးတည်ကျနေခြင်းကြောင့် အမိမြေသို့ဟောင်ကောင် ပြန်လည်ရောက်ရှိပြီး ၂၃ နှစ် ကြာပြီနောက်တွင် ဟောင်ကောင်သည် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်ရန် ဒေသတွင်း ဥပဒေပြုရေးအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ပြဌာန်းရေး အပြည့်အဝ လုပ်ဆောင်ရန် ဖြစ်လာခဲ့သည်။

အဆိုပါ အမျိုးသားလုံခြုံရေးဥပဒေသည် ရှင်းလင်းမှု ၊ ကျိုးကြောင်းဆီလျော်မှု ၊ အဖွဲ့အစည်းပုံစံခိုင်မာမှု နှင့် ဥပဒေအနှစ်သာရ ပြည့်ဝမှု များဖြင့်အလုံးစုံ ပြီးပြည့်စုံကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းလိုက်ပြီးချိန်မှစတင်ကာ အင်္ဂလန်နိုင်ငံရှိ အချို့သောနိုင်ငံရေးသမားများက ယင်းကို ပြဿနာရပ်တစ်ခုအဖြစ် ဖန်တီးလုပ်ဆောင်ခဲ့ကြသလို အင်္ဂလန်နိုင်ငံကိုယ်တိုင်ပင် အမျိုးသားလုံခြုံရေး နှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးယန္တရား နှင့် ဆက်စပ်ဥပဒေများ ပြဌာန်းခဲ့သည်ကို လျစ်လျူရှုခဲ့ကြသည်။ ၎င်းတို့သည် ဟောင်ကောင်တွင် ယခင်နှစ်က ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်မှာပင် ဆိုးဆိုးရွားရွား ဥပဒေမဲ့ အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို မသိကျိုးကျွံပြုခဲ့ကြသည်။ ယခုကဲ့သို့ ဟောင်ကောင်အား ဦးတည်၍ ဥပဒေများ ပြဌာန်းခြင်း နှင့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ခြင်းအပေါ် ဟောင်ကောင် HKSAR အစိုးရအနေဖြင့် ယင်းအပြုအမူအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေးအရ လိုရာဆွဲပြုမူခြင်း နှင့် ကြားဝင်စွက်ဖက်ခြင်းများအားလုံးကို ရပ်တံ့ရန် အခြားသောနိုင်ငံများသို့ တိုက်တွန်းကြောင်း ” ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခင်နှစ်က ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် မှန်ကန်သောအမြင်တစ်ခုဖြင့် ကြည့်ရှုသင့်ကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။

“ ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ဒီနှစ် နှစ်ဆန်းပိုင်းအထိ ကြားကာလမှာ ဟောင်ကောင်ဟာ အကြမ်းဖက်မှုပဋိပက္ခတွေ နဲ့ အမြဲ အရှိန်မြင့်နေခဲ့ရတယ် ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေ ပျက်စီးခဲ့ရသလို ဈေဆိုင်းတွေလည်း ဖျက်ဆီးခံရတယ်၊ အဓိကရုဏ်းသမားတွေရဲ့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားတစ်ယောက် သေဆုံးခဲ့ရတယ်။ အခြားလူ အများအပြားလည်း ဒဏ်ရာရသွားတယ် ၊ ပဋိပက္ခတွေ ထိန်းသိမ်းဖို့ ရှေ့တန်းမှာ လုပ်ကိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင်  ရာပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာရခဲ့တယ် ၊ မီးရှို့မှုတွေ ဖောက်ခွဲမှုတွေလည်း အများကြီးဖြစ်ခဲ့လို့ အခုချိန်ထိ ပြန်ပြင်ဆင်လို့မပြီးနိုင်သေးပါဘူး ၊ အများပြည်သူလုံခြုံရေး ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဆိုးရွားသော တရားဥပဒေချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရသဖြင့် ဟောင်ကောင်ရဲတပ်ဖွဲ့သည် အများပြည်သူလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ထိန်းသိမ်းရန်အတွက် ဥပဒေစိုးမိုးရေးတာဝန်ကို ရယူခဲ့ရသည်။ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းများ နှင့် အခြေခံစံနှုန်းများနှင့်အညီ အင်အားသုံး ထိန်းသိမ်းရန် ထိရောက်သောလမ်းညွှန်ချက်တစ်ခုကို ရေးဆွဲခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဟောင်ကောင်(HKSAR) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC) မှ ခွဲထုတ်၍ မရနိုင်သောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” နှင့် ဗဟိုပြည်သူ့အစိုးရ လမ်းညွှန်မှုအောက်တွင် အမြင့်ဆုံး ကိုယ်ပိုင်ချုပ်ခွင့် အမိန့်ဒီဂရီဖြင့် အုပ်ချုပ်နေသော ဒေသဆိုင်ရာအစိုးရအဖွဲ့တစ်ခုဖြစ်သည်။ ဟောင်ကောင်နှင့် သက်ဆိုင်သော အရေးကိစ္စရပ်များသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်အဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ မည်သည့် အခြားနိုင်ငံကမျှ မည်သည့်အကြောင်းပြချက်မျိုးဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)