Politics, Law & Military
တရားမ ဥပဒေ အထွေထွေ ပြဋ္ဌာန်းချက်များ တရုတ် အတည်ပြု

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တရားမ ဥပဒေ (Civil Law) ၏ အထွေထွေ ပြဋ္ဌာန်းချက်များအား အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) က ယနေ့ (မတ်လ ၁၅ ရက်) တွင် ခွင့်ပြုလိုက်ပြီး တရားမ ဥပဒေ တစ်ခုအား ၂၀၂၀ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်သည်။
အဆိုပါ အထွေထွေ ပြဋ္ဌာန်းချက်များအား NPC နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲ၌ ညီလာခံ ကိုယ်စားလှယ် ၂၈၃၈ ဦးရှိသည့်အနက် ၂၇၈၂ ဦးက ထောက်ခံမဲပေးခဲ့သဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်တွင် စတင် အသက်ဝင်လာမည် ဖြစ်သည်။
တရားမ ဥပဒေအား ၂၀၁၄ ခုနှစ်တွင် ဗဟို ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး နိုင်ငံအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်နယ် အုပ်ချုပ်ရေး ခေတ်မီလာစေရေး တိုးမြှင့်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ခေတ်မီပြီး ကြွယ်ဝ ချမ်းသာသော အသိုက်အဝန်း တစ်ခု တည်ဆောက်လာရေး အရေးပါသော ပြောင်းလဲမှု တစ်ရပ် ဖြစ်လာမည်။
အဆိုပါ ဥပဒေအား ကဏ္ဍ နှစ်ရပ်ဖြင့် ပုံဖော်သွားမည် ဖြစ်ကြောင်း၊ ပထမ ကဏ္ဍအနေဖြင့် တရားမမှုများ ထိန်းသိမ်းခြင်းအတွက် အခြေခံ စည်းမျဉ်းများ တည်ထောင်ခြင်း၊ ဒုတိယ ကဏ္ဍအနေဖြင့် ပိုင်ဆိုင်မှု၊ သဘောတူစာချုပ်၊ တရားမ နစ်နာမှုအပေါ် တာဝန်ယူမှု၊ လက်ထပ် ထိမ်းမြားမှုနှင့် အမွေ ဆက်ခံမှု စသည့် တစ်ဦးချင်း သဘောတူညီမှုဆိုင်ရာ ကျမ်း ငါးခုအား ဆုံးဖြတ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။
“အထွေထွေ ပြဋ္ဌာန်းချက်များက တရုတ်ပြည်သူ ၁.၃ သန်းအား ပိုမို လုံခြုံ စိတ်ချပျော်ရွှင်ပြီး သာတူညီမျှ အခွင့်အရေးနှင့် ဂုဏ်သိက္ခာများ ရရှိစေမှာ ဖြစ်ပါတယ်” တရုတ် တရားမ ဥပဒေအဖွဲ့အစည်း ဒုတိယ ခေါင်းဆောင်နှင့် အမျိုးသား ဥပဒေပြု အမတ် Sun Xianzhong က ပြောကြားခဲ့သည်။ (Xinhua)