Politics, Law & Military
တရုတ်-ဂီနီ ပူးပေါင်းဆောင်ရွက်မှု အရှိန်ရနေပြီဟု သမ္မတ ရှီ ဆို

ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်-ဂီနီ ဆက်ဆံရေးများ ခိုင်မာသော အရှိန်အဟုန် ရရှိနေပြီဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က ချီးကျူးလိုက်ပြီး နှစ်နို်င်ငံအနေဖြင့် ဘုံ အကျိုးစီးပွားများနှင့် အဓိက ဆက်စပ်နေသည့် ကိစ္စရပ် တစ်ခုချင်းစီအား နားလည်မှုနှင့် ထောက်ပံ့မှုများ ဆက်လက် ပြုလုပ်သွားသင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အရှေ့တောင်ဘက် ရှမိန်ဆိပ်ကမ်းမြို့တွင် ပြုလုပ်သော ပေါ်ထွန်းစဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဂီနီနိုင်ငံ သမ္မတ Alpha Conde နှင့် တွေ့ဆုံစဉ် သမ္မတ ရှီက ပြောခဲ့ခြင်း ဖြစ်သည်။ (Xinhua)