Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကမ္ဘာ့စီးပွားရေး ဖိုရမ် ဥက္ကဋ္ဌ အပါအဝင် အခြား နိုင်ငံ ခေါင်းဆောင်များ နှင့် တွေ့ဆုံ
ဒါဗို့စ် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ် မြို့သို့ ရောက်ရှိချိန်တွင် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဥက္ကဋ္ဌ Klaus Schwab , ဘယ်လ်ဂျီယမ် နိုင်ငံ ဘုရင် Philippe နှင့် ယူကရိန်း နိုင်ငံ သမ္မတ Petro Poroshenko တို့အား ဇန်နဝါရီ ၁၇ ရက်နေ့တွင်အသီးသီး တွေ့ဆုံ ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဥက္ကဋ္ဌ Klaus Schwab နှင့် တွေ့ဆုံးရာတွင် ကမ္ဘာ့စီးပွားရေး ဖိုရမ် စတင် တည်ထောင်စဉ် ကတည်းက ဆန်းသစ် တီထွင် သည့် စိတ်ကူးကို ခိုင်မြဲစွာ ရပ်တည်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် တွန်းအားပေးနိုင်ခဲ့ပြီး ဤဖိုရမ်၏ အရေးပါမှု သည့်လည်း တစ်နေ့တစ်ခြား တိုးပွားလာ ခဲ့ကြောင်း ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ် ၏ နှစ်ပတ်လည် အစည်းအဝေး သည် ကမ္ဘာ့စီးပွားရေး ၏ လမ်းညွှန်ကဲ့သို့ ဖြစ်နေကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဘယ်လ်ဂျီယမ် နိုင်ငံ ဘုရင် Philippe နှင့်တွေ့ဆုံစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ယူကရိန်း နိုင်ငံ သမ္မတ Petro Poroshenko နှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဘယ်လ်ဂျီယမ် နိုင်ငံ ဘုရင် Philippe နှင့်တွေ့ဆုံရာတွင် ဘယ်လ်ဂျီယမ် နိုင်ငံသည် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အနီးစပ် ဆုံးသော ဥရောပ နိုင်ငံ များ တစ်ခု ဖြစ်ကြောင်း ၊ မိမိ နှင့် ဘယ်လ်ဂျီယမ် နိုင်ငံ ဘုရင် အနေဖြင့် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် တို့တွင် အောင်မြင်စွာ အပြန်အလှန် လည်ပတ်မှု ကို ဆောင်ရွက်ခဲ့ပြီး တရုတ်-ဘယ်လ်ဂျီယမ် နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ သဘောတူညီခဲ့သည့် စီမံကိန်း များကိုလည်း အလုံးစုံ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘယ်လ်ဂျီယံ နိုင်ငံ မှ တရုတ်-ဥရောပ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိရောက်သော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ယူကရိန်း နိုင်ငံ သမ္မတ Petro Poroshenko နှင့် တွေ့ဆုံရာတွင် တရုတ်-ယူကရိန်း နှစ်နိုင်ငံ သည် ချစ်ကြည်ဆက်ဆံရေး အစဉ်အဆက် ရှည်လျားမည့် ဆက်ဆံရေး တည်ရှိကြောင်း ၊ သံတမန် ဆက်ဆံရေး တည်ထောင်သည့် ၂၅ နှစ်တာ ကာလ အတွင်း နှစ်နိုင်ငံ မှ အပြန်အလှန် လေးစားခြင်း ၊ တန်းတူညီမျှ ဆက်ဆံခြင်း ၊ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ မိမိ အနေဖြင့် ယူကရိန်း နိုင်ငံ မှ လူမှုဘဝ တည်ငြိမ်ရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကို ထိန်းသိမ်းပြီး နိုင်ငံရေး ပြဿနာ များဖြေရှင်းရာတွင် အပြုသဘော ဆောင်သည့် ဆောင်ရွက်မှုများ ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် တွေ့ဆုံမှု များဆောင်ရွက်ပြီးနောက်တွင် အထူးလေယာဉ်ဖြင့် ဒါဗို့စ် မြို့မှ ထွက်ခွာပြီး Lausanne မြို့ရှိ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ သို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)