Politics, Law & Military
တရုတ် သမ္မတ ရှီကျင့်ဖိန် ဆာဗီးယား၊ ပိုလန်နှင့် ဥဇဘက်ကစ္စတန်သို့ သွားရောက်မည်

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆာဗီးယား၊ ပိုလန်နှင့် ဥဇဘက်ကစ္စတန် စသည့်နိုင်ငံများသို့ ဇွန်လ ၁၇ ရက်မှ ဇွန်လ ၂၂ ရက်နေ့အထိ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်ရန်ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဇွန်လ ၁၃ ရက်၌ ကြေညာလိုက်သည်။
ဆာဗီးယား သမ္မတ တော်မီစလစ် နစ်ကိုလစ်၊ ပိုလန် သမ္မတ အန်းဇက်ဂျ် ဒူတာ၊ ဥဇဘက်ကစ္စတန် သမ္မတ အစ္စလာမ် ကာရဗော့ဗ် တို့၏ ဖိတ်ကြားချက်များအရ သမ္မတ ရှီ သွားရောက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ကြေညာချက်၌ ပြောကြားထားသည်။
ထို့ပြင် ဥဇဘက် သမ္မတ အစ္စလာမ် ကာရီမော့ဗ်၏ ဖိတ်ကြားချက်အရ သမ္မတ ရှီသည် ဇွန်လ ၂၃ ရက်မှ ၂၄ ရက်အထိ ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့တော်၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း၏ နိုင်ငံ့ခေါင်းဆောင်များ ကောင်စီ (Shanghai Coorperation Organization= SCO) ၏ ၁၆ ကြိမ် မြောက် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)