Politics, Law & Military
တရုတ်ကွန်မြူနစ်ပါတီ က ခေါင်းဆောင်မှုအကူးအပြောင်းတွင် ဗဟိုကော်မတီအသစ် အား ရွေးကောက်
![ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်ခဲ့သည့် ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံအားတွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2017/10/images_china_2017_10_24f1.jpg)
ပေကျင်း၊ အောက်တိုဘာ ၂၄ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) သည် အောက်တိုဘာ ၂၄ ရက်တွင် ၁၉ကြိမ်မြောက် CPC ဗဟိုကော်မတီအား ပါတီကို နောက်ထပ် ၅နှစ် ဦးဆောင်ရန် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၉ကြိမ်မြောက် CPC ဗဟိုကော်မတီက အောက်တိုဘာ ၂၅ရက်တွင် ပြုလုပ်မည့် ၎င်း၏ ပထမဆုံးမျက်နှာစုံညီ ဆွေးနွေးပွဲတွင် နိုင်ငံရေးဗျူရို၊ နိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီ နှင့် အထွေထွေအတွင်းရေးမှူးတို့ကို တစ်ဖန်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ CPC ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းသည် အမျိုးသားညီလာခံ နှင့် ၎င်းရွေးချယ်ထားသည့် ဗဟိုကော်မတီဖြစ်ပြီး ရွေးကောက်ခံအဖွဲ့အစည်းအားလုံး နှင့် ပါတီအဖွဲ့ဝင်အားလုံး သည် အမျိုးသားညီလာခံနှင့် ဗဟိုကော်မတီ၏ လက်အောက်တွင်တည်ရှိကြောင်း သိရသည်။
CPC အမျိုးသားညီလာခံကို ၅နှစ်တစ်ကြိမ် ဗဟိုကော်မတီက ခေါ်ယူကျင်းပပြီး အမျိုးသားညီလာခံ ကိုယ်စားလှယ်အရေအတွက် နှင့် ရွေးကောက်ပွဲနည်းစနစ်များကို ဗဟိုကော်မတီကပင် ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)