Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအား လက်ခံတွေ့ဆုံ

ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန် (Rex Tillerson) အား ယနေ့ (မတ်လ ၁၉ ရက်) တွင် လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တီလာဆန်သည် ပြီးခဲ့သည့်လက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီးကတည်းက ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။ ၎င်းသည် မတ်လ ၁၈ ရက်က တရုတ်နိုင်ငံတော် အတိုင်ပင်ခံ ယန်ကျဲ့ချီ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)