Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချက်သမ္မတနိုင်ငံနှင့် အမေရိကန် နိုင်ငံများသို့ သွားမည်
ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချက်သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ရန် ရှိသလို နျူကလီးယား လုံခြုံရေး ထိပ်သီး ညီလာခံ တက်ရောက်ရန် အတွက် အမေရိကန် နိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂၃ ရက်တွင် ပြောခဲ့သည်။
ချက်သမ္မတနိုင်ငံ သမ္မတ Milos Zeman ၏ ဖိတ်ကြားချက်ဖြင့် ချက်သမ္မတနိုင်ငံသို့ မတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ သမ္မတရှီ သွားရောက်မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ လုခန်က ပြောသည်။
ထို့နောက် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ဖိတ်ကြားချက် နှင့်အတူ ဝါရှင်တန်၌ မတ်လ ၃၁ ရက်မှ ဧပြီလ ၁ ရက်အထိ ပြုလုပ်မည့် လေးကြိမ်မြောက် နျူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း လုက ပြောသည်။ (Xinhua)