Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဖုန်းဆက်သွယ်ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က အာဂျင်တီးနားနိုင်ငံ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန်လ ၁၈ ရက်ညတွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ထရမ့်က ရှီနှင့် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် Group of 20 (G20) ထိပ်သီးအစည်းအဝေးအတွင်း ထပ်မံဆုံတွေ့ရန်မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘုံဆက်စပ်သော ကိစ္စရပ်များအပေါ် လေးလေးနက်နက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အမေရိကန်နိုင်ငံဘက်အနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် တန်ဖိုးထားကြောင်း၊ နှစ်နိုင်ငံအဖွဲ့များ ဆက်သွယ်ကာ လတ်တလောအငြင်းပွားမှုအား ဖြေရှင်းရန်နည်းလမ်းတစ်ခုအား ဖြစ်နိုင်သမျှမြန်မြန် ရှာဖွေကြရန် ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် တစ်ကမ္ဘာလုံးကလည်း အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ခု ရရှိသည်ကို မျှော်လင့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ဘက်က ပြန်လည်ပြောကြားရာတွင် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော ခက်ခဲမှုအချို့မှာ မည်သူ့အတွက်မှ အကျိုးမရှိကြောင်း ပြောခဲ့သည်။

ရှီက နှစ်နိုင်ငံလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမှ အောင်မြင်မှုရရှိနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုမှ ဆုံးရှုံးမှုသာရှိကြောင်း ထပ်လောင်းပြောကြားရင်း ထရမ့်နှင့်ထားရှိခဲ့သော သဘောတူညီချက်အရ အပြန်အလှန်လေးစားမှုနှင့် အကျိုးကျေးဇူးအပေါ် အခြေခံ၍ ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်မှုအင်္ဂါရပ်များဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်ခုဖြစ်သည့်အားလျော်စွာ တရုတ်နှင့် အမေရိကန် နိုင်ငံတို့သည် G20 အိုဆာကာထိပ်သီးအစည်းအဝေးတွင် အပြုသဘောဆောင်သော ရလဒ်များထွက်ပေါ်ရေးအတွက် ဦးဆောင်ကဏ္ဍတွင် ပူးတွဲပါဝင်သင့်ကြောင်း ရှီက ဖြည့်စွက်ပြောခဲ့သည်။

ရှီအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သော အခြေခံကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးရန် အိုဆာကာအစည်းအဝေး၌ ထရမ့်နှင့်တွေ့ဆုံရန်အသင့်ရှိပါသည်ဟုလည်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.