Politics, Law & Military
တရုတ်နိုင်ငံက အဆင့်မြင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန်ရှိ

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် အဆင့်မြင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်များအား ဆွေးနွေးညှိနှိုင်းကာ လက်မှတ်ရေးထိုးရန်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ရှီသည် မြို့တော် ပေကျင်းတွင် ပြုလုပ်လျက်ရှိသော ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်း၌ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)