Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု တီထွင်ဆန်းသစ်မှု ဖလှယ်မှုများအတွက် လူ ၅,၀၀၀ ဦးအား ထောက်ပံ့ရန်ရှိ

ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လာမည့်ငါးနှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိနိုင်ငံများတွင် ဖလှယ်မှုများလုပ်ဆောင်ရေး၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပူးတွဲ သုတေသနပြုမှုများအတွက် တီထွင်ဆန်းသစ်မှုကဏ္ဍမှ လူ ၅,၀၀၀ ဦးအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုရှိ အခြားသောပါဝင်သူများနှင့်အတူ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ မြှင့်တင်ရေး၊ သိပ္ပံဓာတ်ခွဲခန်းများ တည်ထောင်ရေး၊ သိပ္ပံနှင့် နည်းပညာ ဥယျာဉ်များ တည်ဆောက်ရေးနှင့် နည်းပညာများ လွှဲပြောင်းမှုမြှင့်တင်ရေးများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)