Connect with us

Politics, Law & Military

တရုတ်နှင့် မော်ရိုကို မဟာဗျူဟာကျ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး ထူထောင်

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် မော်ရိုကို ဘုရင် မိုဟာမက် ၆ တို့အား ကြိုဆို နှုတ်ဆက်သူများနှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မော်ရိုကိုနိုင်ငံ ဘုရင် မိုဟာမက် ၆ တို့သည် နှစ်နိုင်ငံကြား မဟာဗျူဟာကျ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး ထူထောင်သည့် အနေဖြင့် ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်အား နှစ်နိုင်ငံ ခေါင်းဆောင်များ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမ၌ တွေ့ဆုံပြီး နောက် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ မဟာဗျူဟာကျ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးမှု အတွက် မှတ်တိုင် တစ်ခု ဖြစ်ကြောင်းနှင့် နယ်ပယ် အားလုံးတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေမည် ဖြစ်သည်။
အဆိုပါ ပူးတွဲ ကြေညာချက် အရ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရ ခေါင်းဆောင်များနှင့် အရာရှိများ အကြား ဖလှယ်ရေး၊ မဟာဗျူဟာကျ ကိစ္စရပ်များ၌ ဆက်သွယ်ရေးနှင့် ညှိနှိုင်း ဆွေးနွေးမှု ခိုင်မာလာရေး၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဥပဒေပြုရေး လုပ်ငန်းနှင့် နိုင်ငံရေး အဖွဲ့အစည်းများ အကြား ဖလှယ်ရေး စသည်တို့ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံလုံး အနေဖြင့် နိုင်ငံအားလုံး၏ အချုပ်အခြာ အာဏာအား လေးစား လိုက်နာမည် ဖြစ်ကြောင်း ဒေသတွင်း တည်ငြိမ် အေးချမ်းမှုအား ထိန်းသိမ်းရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း ပဋိပက္ခနှင့် အငြင်းပွားမှုများ အား အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တရုတ်- အာရပ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်နှင့် တရုတ်- အာဖရိက ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ် ဆုံးဖြတ်ချက်များ အတိုင်း သဘောတူညီ ချက်များ ရရှိသည် အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ရေနံ၊ သတ္တုတွင်း လုပ်ငန်း၊ စိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေး၊ ပင်လယ် ငါးဖမ်း လုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ဒီဂျစ်တယ် ဆက်သွယ်ရေး၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရေး၊ သတ္တုဗေဒနှင့် အီလက်ထရောနစ် လုပ်ငန်းများ စသည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးလာရေး အတွက် လုပ်ဆောင်ကြမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ကြေညာချက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် မော်ရိုကိုနိုင်ငံ၏ စက်မှုလုပ်ငန်း အသက်ဝင်လာရေးနှင့် ဒေသခံ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပူးတွဲလုပ်ဆောင်ရန် ကုမ္ပဏီများအား တွန်းအားပေးသွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ တစ်နာရီကြာ ဆွေးနွေးပြီးနောက် တရားစီရင်ရေး၊ ကုန်သွယ်ရေး၊ သတ္တုတွင်း၊ ငွေရေးကြေးရေး၊ ယဉ်ကျေးမှုနှင့် စားနပ်ရိက္ခာ လုံခြုံရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု ပေါင်းများစွာအား လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.