Politics, Law & Military
တရုတ်သွင်ပြင်လက္ခဏာများပါဝင်သည့် ဆိုရှယ်လစ်ဝါဒအတိုင်း လျှောက်လှမ်းကြရန် ရှီပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်သွင်ပြင်လက္ခဏာများပါဝင်သည့် ဆိုရှယ်လစ်ဝါဒလမ်းကြောင်း ပေါ်တွင် နေထိုင်ကြရန် နှင့် ယင်း ဆိုရှယ်လစ်ဝါဒအား လက်ကိုင်ထားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဒီဇင်ဘာ ၁၈ရက်တွင် ကျင်းပသော တရုတ်နိုင်ငံ ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ပြည့် အခမ်းအနား ၌ ပြောကြားခဲ့သည်။
လူမှုယဉ်ကျေးမှု သက်တမ်း နှစ် ၅,၀၀၀ကျော် ရှိပြီး လူဦးရေ ၁.၃ဘီလီယံ ကျော်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုက်နာဆောင်ရွက်ရမည့် ရွှေရောင်စည်းမျဉ်းစည်းကမ်း သင်ရိုးစာအုပ်များမရှိကြောင်း ရှီကပြောကြားခဲ့သည်။
၎င်းက တရုတ်ပြည်သူများအား မည်သည့်အရာကိုလုပ်သင့်ပြီး မည်သည့်အရာကို မလုပ်သင့်ကြောင်း အမိန့်ပေးစေခိုင်းခွင့်မှာ မည်သူ့ထံတွင်မျှ မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)