Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် စီရင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အစီရင်ခံစာတမ်း ထုတ်ပြန်

တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ အစီရင်ခံစာတမ်းအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

“တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆက်စပ်နေသည့် အငြင်းပွားမှုများကို ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ရပ်တည်ချက်အား တရုတ်နိုင်ငံက စောင့်ထိန်းမည်” ဟု အမည်ပေး ထားသည့် အစီရင်ခံစာတမ်းအား တရုတ်နိုင်ငံ အစိုးရက ဇူလိုင်လ ၁၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

Nansha ကျွန်း၏ နေရာများအပေါ် ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်ကြောင်း အချုပ်အခြာဆိုင်ရာ အဆိုပြုမှုသည် သမိုင်းကြောင်း အရသော် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သော်လည်းကောင်း အခြေအမြစ် မရှိကြောင်း တရုတ်နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးမှ ထုတ်ပြန်သည့် အဆိုပါ စာတမ်း၌ ဖော်ပြထားသည်။
တောင်တရုတ် ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား ဖြစ်ပွားနေသည့် အငြင်းပွားမှု၏ အဓိကအချက်သည် Nansha ကျွန်း၏ သန္တာကျောက်တန်းနှင့် ကျွန်းအချို့တွင် ဖိလစ်ပိုင်၏ ကျူးကျော်လာခြင်းနှင့် တရားမဝင် လာရောက်ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ယခုလို အငြင်းပွားမှုသည် ၂၀၁၃ ခုနှစ်တွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှုဆိုင်ရာ ယာယီ ခုံသမာဓိ ခုံရုံးသို့ ဖိလစ်ပိုင် အစိုးရက တစ် ဖက်သတ် တောင်းဆိုခဲ့ခြင်းကြောင့်လည်း ပိုမိုမြင့်မားလာခဲ့သည်ဟု ဖော်ပြထားသည်။
ဖိလစ်ပိုင်က ယခုလို လုပ်ဆောင်ခဲ့ခြင်းသည် အငြင်းပွားမှုများအား ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ်နိုင်ငံနှင့် သဘောတူညီမှု စာချုပ်နှင့် တရုတ်နိုင်ငံသည် ပင်လယ်ရေကြောင်းဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS) အဖွဲ့ဝင်နိုင်ငံ တစ်ခု ဖြစ်သည့်အတွက် ယခု အငြင်းပွားမှု စီရင်ခြင်းအပေါ် ဖြေရှင်းရန် နည်းလမ်းများ ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိခြင်းတို့အား ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ ဖိလစ်ပိုင်နိုင်ငံ၏ တစ်ဖက်သတ် တောင်းဆိုမှုဖြင့် စီရင်ခဲ့သည်မှာ တရားမျှတမှု မရှိကြောင်းနှင့် ယင်း စီရင်မှုသည် ဥပဒေကြောင်းအရ တရားမဝင် ပျက်ပြယ်ကြောင်းနှင့် ဟာကွက်များရှိကြောင်း အစီရင်ခံစာတမ်း၌ ဖော်ပြပါရှိသည်။
ယခု စီရင်ဆုံးဖြတ်မှုကြောင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ပင်လယ်ရေကြောင်း အခွင့်အရေးနှင့် အကျိုးစီးပွားများအပေါ်သို့ မည်သည့် သက်ရောက်မှုများ ရှိမည် မဟုတ်ကြောင်း၊ ယခု စီရင်ဆုံးဖြတ်မှုအပေါ် အခြေခံ၍ မည်သည့် စောဒကတက်မှုနှင့် လုပ်ဆောင်မှုမျိုးကိုမျှ တရုတ်နိုင်ငံက လက်ခံလိမ့်မည် မဟုတ်ကြောင်း ဖြည့်စွက် ဖော်ပြထားသည်။
ယခု စာတမ်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကျော်က တောင်တရုတ်ပင်လယ်ရှိ တရုတ်ပြည်သူများ၏ လုပ်ဆောင်မှုများ၊ တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများ၊ တရုတ်၏ ရှိရင်းစွဲ အချုပ်အခြာအာဏာနှင့် စပ်ဆိုင်သည့် အကြောင်းအရာများ ဖော်ပြထားသည့် တရုတ်နိုင်ငံဆိုင်ရာ သွင်ပြင်လက္ခဏာ ၂၀,၀၀၀ ကျော် ပါဝင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အား ပထမဆုံး ရှာဖွေတွေ့ရှိခြင်း၊ အမည်ပေးခဲ့ခြင်း၊ ချဲ့ထွင်ခြင်းနှင့် အကျိုးရှိစွာ အသုံးချခဲ့သလို အချုပ်အခြာအာဏာဆိုင်ရာ အလေ့အကျင့်၊ တရားမျှတမှုများအား စဉ်ဆက်မပြတ်စွာ၊ ငြိမ်းချမ်းစွာနှင့် ထိရောက်မှုရှိစွာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထို့ပြင် ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများအား တရုတ်နိုင်ငံက လေးစားလိုက်နာကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများအား သဘောတူညီချက်များအညီ လေးစားကာ လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတမ်း၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် ဘက်စုံ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများမှ တဆင့် နှစ်ဦးနှစ်ဘက် အကျိုးရလဒ်များ၊ တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုများအား တည်ဆောက်သွားရေး၊ ဒေသတွင်း အခြားနိုင်ငံများနှင့်အတူ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းခြင်း၊ နိုင်ငံတကာ ဥပဒေများအောက်တွင် အခြားနိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းနှင့် လွတ်လပ်စွာ ဖြတ်ကျော်ပျံသန်းရေး စသည်တို့အား လုပ်ဆောင်ရန် တရုတ်နိုင်ငံက ကတိပြုထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.