Politics, Law & Military
တောင်တရုတ်ပင်လယ် စီရင်ချက်အား တရုတ်နိုင်ငံ ပယ်ချ
ပေကျင်း ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးချောင်ဝမ်ချွန် Chang Wanquan က တရုတ်နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ နိုင်ငံတကာခုံရုံး စီရင်ချက်ပေါ် အခြေခံထားသော မည်သည့် အရေးယူမှု (သို့မဟုတ်) မည်သည့် ဆောင်ရွက်ချက်ကို မျှ လက်ခံမည်မဟုတ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာ နှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့်အထူးကိုယ်စားလှယ် နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ Federica Mogherini နှင့်တွေ့ဆုံစဉ် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
မည်သည့် အခြေအနေမျိုးတွင်မဆို ဤစီရင်ချက်ကြောင့် တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို အကျိုးသက်ရောက်မှု အဖြစ်ခံနိုင်မည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးက ဆက်ပြောသည်။
ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် တရားမျှတမှုအနေအထားနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ပြုမူဆောင်ရွက်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ချန်က ဆက်ပြောသည်။
ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ Mogherini က တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂအတွက် အရေးကြီး မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း နှင့် တရုတ်-အီးယူကာကွယ်ရေးဆိုင်ရာ လုံခြုံမှုဆက်ဆံရေးများတွင် ပိုမိုခိုင်မာရေးအတွက် မျှော်လင့်ကြောင်း ၊ တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)