Connect with us

Politics, Law & Military

ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်တားဆီးမှုအမိန့်အား မဟာမိတ်အနောက်နိုင်ငံများ ပယ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးအမိန့် ကို ဆန္ဒပြနေကြသူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ဒုက္ခသည်များ နှင့် မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံပေါင်း ၇ နိုင်ငံမှ ပြည်သူများ အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့် ယာယီ ပိတ်ပင်တားဆီးကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်သည့် အမိန့်အပေါ် အမေရိကန်နိုင်ငံ၏ အစဉ်အဆက် မဟာမိတ်နိုင်ငံများက ပယ်ချ လိုက်ကြောင်း သိရသည်။

ထရမ့်၏ မွတ်စလင်လူမျိုးများ ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်သည့် အမိန့်အပေါ် အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်အမတ်များက ဇန်နဝါရီလ ၃ဝ ရက်တွင် အရေးပေါ် စကားစစ်ထိုးပွဲတစ်ခုပြုလုပ်ပြီး မဲခွဲဆုံးဖြတ်၍ ပယ်ချခဲ့ခြင်းဖြစ်သည်။

ထရမ့်အား အင်္ဂလန်နိုင်ငံသို့တရားဝင် အလည်အပတ်ခရီး ဖိတ်ခေါ်ခြင်းမပြုရန် ဗြိတိန်လွှတ်တော်သို့ အင်္ဂလန်နိုင်ငံသား တစ်သန်းခွဲကျော်က လက်မှတ်ရေးထိုး အသနားခံစာတင်ခဲ့ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ထရမ့်ကြောင့် အင်္ဂလန် အဲလ်လိဇဘတ် ဘုရင်မကြီး စိတ်အနှောက်အယှက်ဖြစ်နိုင်သောကြောင့် ဟု ၎င်းတို့ကဆိုသည်။

ကမ္ဘာတစ်ဝန်းမှ ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ကို ရက်ပေါင်း ၁၂ဝ ဆိုင်းငံ့ကြောင်း နှင့် “ အကြမ်းဖက်အန္တရာယ်စိုးရိမ်ဖွယ်တိုင်းပြည်များ” မှ ရွှေ့ပြောင်းအခြေချသူများ အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်အား ရက်ပေါင်း ၉ဝ ဆိုင်းငံ့ကြောင်း အမိန့်များကို ပြီးခဲ့သော ဇန်နဝါရီလ ၂၇ ရက်က သမ္မတအမိန့်ဖြင့် ထရမ့်လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အကြမ်းဖက်အန္တရာယ်စိုးရိမ်ဖွယ်နိုင်ငံများမှာ အီရတ် ၊ ဆီးရီးယား ၊ အီရန် ၊ ဆူဒန် ၊ ဆိုမာလီယာ နှင့် ယီမင်နိုင်ငံတို့ဖြစ်ပြီး ၎င်းနိုင်ငံများတွင် စုစုပေါင်း လူဦးရေ သန်းပေါင်း ၁၃ဝ နေထိုင်လျက်ရှိကြောင်း သိရသည်။

အကယ်၍ အဆိုပါ တားမြစ်မှုအမိန့်သည် အင်္ဂလန်နိုင်ငံသားများအတွက်ပါ အကျိုးသက်ရောက်မှု ရှိနေပါက ဝန်ကြီးချုပ် အနေဖြင့် ကြားဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ထိုသို့ချဉ်းကပ်မှုပုံစံမျိုးကို သဘောမတူကြောင်း အင်္ဂလန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေက ဇန်နဝါရီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးတားမြစ်မိန့်ကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံသမ္မတ Petro Poroshenko နှင့်တွေ့ဆုံဆွေးနွေးမှုအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မာကဲလ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် လူအုပ်စုတစ်ခုတည်းအပေါ် အထွေထွေ သင်္ကာမကင်းစိတ်ဖြင့် ဆန့်ကျင်မှု မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.