Politics, Law & Military
ဖိနပ်ထဲမှာ ဖွက်လာတဲ့ စိန်တုံး ၁၀၀၀ နဲ့အတူ အမျိုးသား တစ်ဦး ဖမ်းမိ
ရှန်းကျန့်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
ဟောင်ကောင်မှ လာရောက်သည့် အမျိုးသား တစ်ဦးတွင် ၎င်း၏ ဖိနပ်အတွင်း၌ စိန်တုံး ၁၀၀၀ တရားမဝင် ယူဆောင်ရန် ကြံစည်သူအား ရှန်းကျန့်မြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖိနပ်အတွင်း တရားမဝင် ဖွက်ယူလာသော စုစုပေါင်း အလေးချိန် ၂၁၂.၉ ကာရက်ရှိသော စိန်တုံးများနှင့်အတူ Luohu ဆိပ်ကမ်းတွင် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်းကျန့်မြို့ အကောက်ခွန်အရာရှိများက မတ်လ ၁၃ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“အဲဒီ အမျိုးသားက တစ်ခါတလေ ခြေဖျားထောက်ပြီး လမ်းလျှောက်တဲ့ပုံစံကြောင့် သံသယရှိခဲ့တယ်၊ ကျွန်တော်တို့က သူ့ကို ကြည့်နေတဲ့အချိန်မှာတော့ သူက ပုံမှန်လမ်းလျှောက်တဲ့ပုံစံနဲ့ မြန်မြန် လျှောက်သွားတာ တွေ့ရပြန်တယ်” ဟု ဝမ် အမည်ရှိ အကောက်ခွန် အရာရှိ တစ်ဦးက ပြောသည်။
ယင်း အမျိုးသား၏ ဖိနပ်အား အကောက်ခွန် အရာရှိများက ချွတ်ခိုင်းခဲ့ရာ ၎င်း၏ ဖိနပ်ခုံအတွင်းမှာ အရောင်တောက်ပလျက်ရှိသော စိန်တုံးများ ထည့်ထားသည့် အိတ်ငယ်ပေါင်းများစွာ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ၎င်းအား လက်ရှိတွင် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း စုစုပေါင်း အလေးချိန် ၁၆၄ ကာရက်ရှိသော စိန်တုံး ၁၅၅၄ တုံးအား အဆာပြေမုန့်ထုပ်များအတွင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)