Politics, Law & Military
သမ္မတ ရှီက အာရှဆိုင်ရာ ဘိုအောဖိုရမ် ဖွင့်ပွဲ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဘိုအာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် မတ်လ ၂၅ရက် နံနက်ပိုင်း၌ ပြုလုပ်သော ၂၀၁၇ခုနှစ် အာရှဆိုင်ရာဘိုအောဖိုရမ်၏ နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနားအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဘိုအောဖိုရမ်ကို လွန်ခဲ့သည့် ၁၆နှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းဖိုရမ်သည် အာရှအတွင်း အထွေထွေသဘောတူညီမှုများ တည်ဆောက်ခြင်း၊ အာရှတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း နှင့် အာရှတွင်းနိုင်ငံများ၏ အရေးပါမှု အဆင်မြှင့်တင်ခြင်းတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ရှီကပြောကြားခဲ့သည်။၂၀၁၇ခုနှစ် ဘိုအောဖိုရမ်၏ ဆောင်ပုဒ်မှာ “Globalization and Free Trade: The Asian Perspectives” ဖြစ်ကြောင်း သိရသည်။ရှီက ဖိုရမ်၏ ဆောင်ပုဒ်သည် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာရှနိုင်ငံများ ၏ ကမ္ဘာလုံးလွှမ်းခြုံစီးပွားရေးစနစ် အပေါ် စိတ်ဝင်စားမှုအား ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
သမ္မတ က ညီလာခံသို့ တက်ရောက်လာသူများအနေဖြင့် ကမ္ဘာ့စီးပွားရေး နှင့် ဒေသတွင်းစီးပွားရေး ပြဿနာများကို ၎င်းတို့၏ အသိပညာ ဗဟုသုတများကို အသုံးပြု၍ ဝိုင်းဝန်းဖြေရှင်းကြရန် နှင့် ပိုမိုပြောင်းလဲသော၊ အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော ကမ္ဘာလုံးလွှမ်းခြုံစီးပွားရေးစနစ် ဖြစ်လာစေရန် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)