Politics, Law & Military
သမ္မတရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန်ရှိ

ပေကျင်း၊သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဆွန်ချွန်လန်(Sun Chunlan) သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ သြဂုတ်လ ၁၈ ရက်တွင် ကျင်းပမည့် ၁၈ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဆွန်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို၏ ဖိတ်ကြားချက်အရ ယင်းအခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က ယနေ့သြဂုတ် ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)