Politics, Law & Military
ဟောင်ကောင် အထူးဒေသ မိခင်နိုင်ငံ အုပ်ချုပ်မှုလက်အောက်သို့ ပြန်လည်ရောက်ရှိ ခြင်း နှစ် (၂၀) ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းများကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ထုတ်ဝေမည်
ပေကျင်း ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ဟောင်ကောင် အထူးဒေသ မိခင် တရုတ် နိုင်ငံ အုပ်ချုပ်မှုလက်အောက်သို့ ပြန်လည်ရောက်ရှိခြင်း နှစ်(၂၀) ပြည့် နှစ် ကို ဂုဏ်ပြုသော အားဖြင့် တရုတ် နိုင်ငံ အမျိုးသား စာတိုက်ဌာန မှ ၂၀၁၇ ခုနှစ် ဟောင်ကောင် အထူးဒေသ မိခင်နိုင်ငံ အုပ်ချုပ်မှုလက်အောက်သို့ ပြန်လည်ရောက်ရှိခြင်း နှစ် (၂၀) ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းများကို ဇူလိုင်လ ၁ ရက်နေ့ မှ စတင်ထုတ်ဝေသွားမည်ဖြစ်ပြီး ယင်းတံဆိပ်ခေါင်း တစ်စုံ တွင် ၃ မျိုးပါရှိပြီး ရုပ်ပုံ ၃မျိုး ဖြစ်ဖြင့်ကြောင်း နှင့် တရုတ် နိုင်ငံ အမျိုးသား စာတိုက်ဌာန နှင့် ဟောင်ကောင် စာတိုက်ဌာန တို့မှ အတူတကွ ထုတ်ဝေသည့် အထိမ်းအမှတ် တံဆိပ်ခေါင်း တစ်စုံလုံးပါ တံဆိပ်ခေါင်း တစ်မျိုး ကိုလည်း ထုတ်ဝေ သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အထိမ်းအမှတ် တံဆိပ်ခေါင်း နံပတ်(၁) အမျိုးအစား တွင် ဟောင်ကောင် ကွန်ဗင်းရှင်း နှင့် ပြပွဲခန်းမ စင်တာ ရှေ့တွင် တရုတ် နိုင်ငံတော် အလံ နှင့် အထူးဒေသ အလံ တို့ပါရှိပြီး ခြင်္သေ့ နှင့် နဂါး အက အဖွဲ့ တို့မှ ကပြ နေသည့် ပုံ ပါရှိကြောင်း ၊ နံပတ် (၂) အမျိုးအစား တံဆိပ်ခေါင်း တွင် အထူးဒေသ အစိုးရ အဖွဲ့ရုံး ၊ ဟောင်ကောင် သိပ္ပံနှင့် နည်းပညာ စင်တာ ၊ ဟောင်ကောင် တီထွင်ဆန်းသစ်မှု စင်တာ (PMQ) ၊ ကျုံလုံထန် တီထွင်ဆန်းသစ်မှု စင်တာ စသည့် အမှတ်သင်္ကေတ အဆောက်အဦ ရုပ်ပုံများ ပါရှိကြောင်း ၊ နံပတ် (၃) အမျိုးအစား တံဆိပ်ခေါင်း တွင် ဟောင်ကောင် အိတ်ချိန်း နှင့် စာရင်းရှင်း ဌာန (HKEX) နှင့် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ အနုညာတစီရင်ရေးစင်တာ(HKIAC) တို့တည်ရှိရာ အိတ်ချိန်းကွင်းပြင် ကို အဓိက ထားဖော်ပြထားပြီး ဟောင်ကောင် ၏ အမြင့်ဆုံး အဆောက်အဦ ဖြစ်သည့် ဂလိုဘယ်လ် အိတ်ချိန်းစင်တာ တို့မှ အပြန်အလှန် ချိတ်ဆက်နေသည့် ပုံ ပါရှိကြောင်း သိရှိရသည်။
ဟောင်ကောင် အထူးဒေသ မိခင်နိုင်ငံ အုပ်ချုပ်မှုလက်အောက်သို့ ပြန်လည်ရောက်ရှိခြင်း နှစ် (၂၀) ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းများကို စတင်ထုတ်ဝေသည့် နေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာ သတ်မှတ်ထားသည့် စာတိုက်ဝက်ဘ်ဆိုက်များ ၊ တံဆိပ်ခေါင်း စုစည်းမှု ဝက်ဘ်ဆိုက်များ နှင့် သက်ဆိုင်ရာ ရောင်းချမှု နေရာ အသီးသီး တို့မှ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)