Connect with us

Politics, Law & Military

အနာဂတ်ခေတ်သစ် အတွက် တရုတ်နိုင်ငံ၏ ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒကို အဆင်မြှင့်တင်ရန် သမ္မတရှီ ပြောကြား

၁၉ကြိမ်မြောက် အမျိုးသားညီလာခံ သို့တက်ရောက်လာသည့် ကွမ်ကျိုးပြည်နယ်မှ ကိုယ်စားလှယ်များ နှင့် သီးသန့်တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အနာဂတ်ခေတ်သစ် အတွက် တရုတ်နိုင်ငံ၏ ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒကို အဆင်မြှင့်တင်ရန် နိုင်ငံ အတွင်းရှိ တရုတ်ကွန်မြူနစ်ပါတီ (CPC) အဖွဲ့ဝင်များ နှင့် တိုင်းရင်းသားလူမျိုးစု အားလုံးကို အောက်တိုဘာ ၁၉ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ကြိမ်မြောက် အမျိုးသားညီလာခံသို့ တက်ရောက်လာသည့် ကွမ်ကျိုးပြည်နယ်မှ ကိုယ်စားလှယ်များ နှင့် သီးသန့် တွေ့ဆုံဆွေးနွေးစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ကွမ်ကျိုးပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ချီးမွမ်းစကားပြောကြားရင်း ရှီက တရုတ်နိုင်ငံ၏ ဝိသေသလက္ခဏာများဖြင့် တည်ဆောက်ထားသော ဆိုရှယ်လစ်ဝါဒ သည် ယခုအခါ ခေတ်သစ်တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းက ယင်းဖြစ်စဉ် သည် အဓိကကျသောနိုင်ငံရေးအကဲဖြတ်မှု တစ်ခုဖြစ်သလို တစ်ကမ္ဘာလုံးအပေါ် အကျိုးသက်ရောက်မှုရှိစေသည့် မဟာဗျူဟာကျသော တန်ပြန်သက်ရောက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက ကောင်းမွန်သည့် နေထိုင်မှုဘဝများရရှိနိုင်ရန်အတွက် သာတူညီမျှမှု နှင့် လုံလောက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ဖြေရှင်းပြီး ပြည်သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကွမ်ကျိုးပြည်နယ် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.