Politics, Law & Military
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားမည်

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ဇွန်လ ၁၄ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အပြန်အလှန် ဆက်စပ်မှုရှိသော နိုင်ငံတကာနှင့် ဒေသတွင်း အဓိက ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ (Xinhua)