Politics, Law & Military
ဥရောပ ခရီးအတွက် တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် ထွက်ခွာ
ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဂျာမနီနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေး ခရီးများ သွားရောက်ရန် မေလ ၃၁ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း၊ ခရီးစဉ်အတွင်း ဥရောပ သမဂ္ဂ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
လီသည် ဘာလင်တွင် ရှိနေစဉ်အတွင်း ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဝန်ကြီးချုပ်များ နှစ်ပတ်လည် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။
ထို့ပြင် လီသည် ဘယ်လ်ဂျီယံ ခရီးစဉ်၌ ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ်နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလောဒီ ဂျန်ကာတို့နှင့်အတူ ၁၉ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)