Politics, Law & Military
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ ဖွင့်ပွဲအခမ်းအနားအား ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံအား တရုတ်နိုင်ငံ မြို့တော် ပေကျင်း ပြည်သူ့ခန်းမကြီး၌ အောက်တိုဘာလ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၉း၀၀ နာရီတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားအား China National Radio, China Central Television နှင့် China Radio International များမှ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။ ထို့အပြင် ကြည့်ရှုသူများအနေဖြင့် အဆိုပါ ဖွင့်ပွဲ အခမ်းအနားအား www.people.com.cn နှင့် www.xinhuanet.com အပါအဝင် Web Portal များတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။
ယခုနှစ် ညီလာခံသို့ တရုတ်နိုင်ငံ တစ်ဝန်းမှ ကိုယ်စားလှယ် ၂,၂၈၇ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
CPC အမျိုးသား ညီလာခံအား ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ခေါင်းဆောင်မှု ဖော်ထုတ်ခြင်းနှင့် လာမည့် ငါးနှစ်တာကာလနှင့် နောက်ပိုင်း ကာလများအတွက် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ချမှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ (Xinhua)