Science & Technology
5G အခြေစိုက်စခန်းများတွင် တရုတ်နိုင်ငံက ကမ္ဘာကို ဦးဆောင်နေကြောင်း ဒုတိယဝန်ကြီး ပြောကြား
ကွေ့ယန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသည် 5G ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို ရရှိခဲ့ပြီး ယခုအထိ 5G အခြေစိုက်စခန်း စုစုပေါင်း ၈၁၉,၀၀၀ တည်ဆောက်ထားကာ ကမ္ဘာ့စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ယင်းအချက်အလက်များအား စက်မှုလုပ်ငန်း နှင့် သတင်းအချက်အလက်နည်းပညာ ဒုတိယဝန်ကြီး Liu Liehong က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်မြို့၌ ကျင်းပပြုလုပ်နေသည့် China International Big Data Industry Expo 2021 ၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၌ 5G terminal ဆက်သွယ်မှုအရေအတွက်မှာ သန်း ၃၁၀ ကျော်ရှိလာခဲ့ပြီး ကမ္ဘာ့စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ဒုတိယဝန်ကြီး Liu Liehong ထံမှ သိရသည်။
၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလ(၂၀၁၆-၂၀၂၀) အတွင်း တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး optical-fiber နှင့် 4G network အား တည်ဆောက်ခဲ့ပြီး နိုင်ငံအနှံ့ရှိ ကျေးရွာများ၏ ၉၉ ရာခိုင်နှုန်းကျော်သည် နည်းပညာနှစ်ခုလုံးနှင့် ချိတ်ဆက်ခဲ့ကြောင်း သိရသည်။
သုံးရက်ကြာ ကျင်းပသည့် big-data industry expo ၌ နောက်ဆုံးပေါ် သိပ္ပံ နှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ နှင့် အောင်မြင်မှုများအား ပြသထားပြီး မေ ၂၆ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း ၊ ပြည်တွင်းနှင့်ပြည်ပမှ လုပ်ငန်း ၂၂၅ ခု ပြသခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ (Xinhua)
…………………………………………
(English Version)
China leads the world in 5G base stations: vice minister
GUIYANG, May 26 (Xinhua) — China has taken a global lead in the development of 5G, with a total of 819,000 5G base stations built so far, accounting for over 70 percent of the world’s total, a government official said here Wednesday.
Liu Liehong, vice minister of industry and information technology, released the figures at the ongoing China International Big Data Industry Expo 2021 in Guiyang, capital of southwest China’s Guizhou Province.
The number of 5G terminal connections in China has exceeded 310 million, accounting for more than 80 percent of the world’s total, according to Liu.
During the 13th Five-Year Plan period (2016-2020), China built the world’s largest optical-fiber and 4G network, with over 99 percent of the villages across the country connected to both technologies.
The three-day big-data industry expo, showcasing cutting-edge scientific and technological innovations and achievements, kicked off on Wednesday. It has attracted 225 enterprises from home and abroad, according to the organizing committee. Enditem