Science & Technology
တရုတ်နိုင်ငံ က ဒုတိယမြောက် ရှီကျန်း-၁၆ ဂြိုဟ်တု လွှတ်တင်

ကျိုချွမ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၎င်း၏ ဒုတိယမြောက် ရှီကျန်း-၁၆ ဂြိုဟ်တု အား ဇွန်လ ၂၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီကျန်း-၁၆ ဂြိုဟ်တုအား Long March-4B ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံဖြင့် ဒေသ စံတော်ချိန် ၁၁း၂၁ နာရီ၌ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေး စင်တာ မှ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်နေ့ လွှတ်တင်မှုသည် Long March-4B ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ၏ ၂၃၁ ကြိမ်မြောက် ဖြစ်သည်။
ပထမဆုံး ရှီကျန်း-၁၆ ဂြိုဟ်တုအား ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)