Connect with us

Science & Technology

တရုတ်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်သုံး ဓါတ်ရထား စတင်ပြေးဆွဲ

တရုတ်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်သုံး ဓါတ်ရထားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှထုတ်လုပ်သော ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အသုံးပြု ဓါတ်ရထားတစ်စီးအား နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထောင်စန်းမြို့တွင် အောက်တိုဘာ ၂၆ ရက်က စီးပွားဖြစ်စတင်မောင်းနှင်ခဲ့ကြောင်း သိရသည်။

ယင်းဓါတ်ရထားသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စီးပွားဖြစ်ဓါတ်ရထားတစ်စီး ဖြစ်ပြီး China Railway Rolling Corporation (CRRC) ထောင်စန်းကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ရထားသည် ရေငွေ့ကိုသာ ထုတ်လွှတ်မည်ဖြစ်ပြီး အခြားညစ်ညမ်းမှုဖြစ်စေသည့် အရာများ ထုတ်လွှတ်မှုမှမရှိကြောင်း နှင့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အတွင်းဓါတ်ပြုမှု အပူချိန်ကို ၁၀၀ဒီဂရီစင်တီဂရိတ် အောက် ထိန်းညှိထား၍ နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုမရှိကြောင်း သိရသည်။

နောက်ဆုံးပေါ် ကြမ်းပြင်နိမ့် နည်းစနစ်ကြောင့် ဓါတ်ရထား၏ ကြမ်းပြင်နှင့်ရထားလမ်းအကွာအဝေးသည် ၃၅စင်တီမီတာသာ ရှိ၍ ရထားဘူတာ ပလက်ဖောင်းများမလိုအပ်ဘဲ ခရီးသည်များအနေဖြင့် အလွယ်တကူ အတက်အဆင်းပြုလုပ်နိုင်ကြောင်း သိရသည်။ဟိုက်ဒရိုဂျင် ၁၅မိနစ်ဖြည့်သွင်းပြီး တစ်နာရီလျှင် ၇၀ကီလိုမီတာ အမြန်ဆုံးမြန်နှုန်းဖြင့် ၄၀ကီလိုမီတာ မောင်းနှင်နိုင်ကြောင်း သိရသည်။ယင်းဓါတ်ရထားအား ထောင်စန်းမြို့ရှိ ၁၃၆နှစ်သက်တမ်းရှိပြီဖြစ်သော ရထားလမ်းပေါ်တွင် မောင်းနှင်ပြေးဆွဲနေပြီး ထောင်စန်းမြို့၏ စက်မှုရှေးဟောင်းအမွေအနှစ် နေရာများစွာ နှင့် ချိတ်ဆက်ပေးထားကြောင်း သိရသည်။ ထောင်စန်းမြို့သည် တရုတ်နိုင်ငံ၏အစောဆုံးစက်မှုမြို့များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.