Science & Technology
တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင် လေယာဉ် စမ်းသပ် ပျံသန်း
ရှန်ဟိုင်း ၊ မေ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မှ တီထွင်ထုတ်လုပ်လိုက်သော C919 ဧရာမ ခရီးသည်တင်လေယာဉ်ကြီးကို မေလ ၅ ရက်က စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။
၎င်းလေယာဉ်ကြီးသည် ကမ္ဘာ့အကြီးဆုံး jumbo ခရီးသည်တင်လေယာဉ်အမျိုးအစားများအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဂျမ်ဘိုဂျက်လေယာဉ်များ ထုတ်လုပ်လျက်ရှိသာ အမေရိကန် ၊ ဥရောပ နှင့် ရုရှား နိုင်ငံများ နောက် တရုတ်နိုင်ငံကလည်း လေးနိုင်ငံမြောက် ဂျမ်ဘိုလေယာဉ် တီထွင် ထုတ်လုပ်သည့် တိုင်းပြည် ဖြစ်လာသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အခြေစိုက် ထုတ်လုပ်ထားသော C919 လေယာဉ်ကြီးသည် တရုတ်နိုင်ငံ၏ စီးပွားဖြစ် ခရီးသည်တင်လေယာဉ်ထုတ်လုပ်မှု(COMAC) အတွက် သမိုင်းဝင် လေယာဉ်တီထွင်ဖန်တီးမှုတစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။(Xinhua)