Social, Education & Health
မက္ကဆီကိုသမ္မတ နှင့် ပေါ်တူဂီကာကွယ်ရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ
ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ နောက်ဆုံးရရှိသော သတင်းအချက်အလက်များကို စုစည်းဖော်ပြလိုက်သည်။
မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador သည် COVID-19 ရောဂါ စစ်ဆေးမှုတွင် positive ရလဒ်တွေ့ရှိကြောင်း ဇန်နဝါရီ ၂၄ ရက်က ၎င်း၏တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ပြင် သမ္မတ Obradorက ၎င်းသည် ရောဂါလက္ခဏာမပြင်းထန်ကြောင်း နှင့် လက်ရှိတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း တွစ်တာ၌ ဆက်လက်ရေးသားဖော်ပြခဲ့သည်။
ပေါ်တူဂီနိုင်ငံကာကွယ်ရေးဝန်ကြီး Joao Gomes Cravinho သည် ရောဂါလက္ခဏာမပြင်းထန်သော COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း ၎င်း၏ ရုံးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပေါ်တူဂီကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝန်ကြီး Cravinho သည် တစ်ဦးတည်းသီးခြားနေ၍ အဝေးမှ ရုံးလုပ်ငန်းတာဝန်များကို လုပ်ကိုင်လျက်ရှိကြောင်း ဆိုသည်။
တူနီးရှားနိုင်ငံခြားရေးဝန်ကြီး Othman Jerandi က ၎င်းသည် COVID-19 ရောဂါ ကူးစက်ခံရကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်ကို တူနီးရှားပြည်တွင်း Mosaiquefm ရေဒီယိုက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ဝန်ကြီး Jerandi က ၎င်းသည် COVID-19 လိုအပ်သော ကြိုတင်ကာကွယ်ရေးအစီအစဉ်များ နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ပြုမူနေထိုင်ခဲ့သော်လည်း ရောဂါကူးစက်ခံလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၂၄ ရက် ညသန်းခေါင်အထိ အချိန် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၄၃၇ ဦး တွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၅,၅၂၁ ဦးထိ မြင့်တက်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်မှု ၁,၂၄၀ ဦးဖြင့် အမြင့်ဆုံးတွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသည် နေ့စဉ် ကူးစက်မှုအသစ် ၅၀၀ ဦးခန့်ဖြင့် ၈ ရက်ဆက်တိုက် ရှိလာခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံပြည်မကြီးတွင် ဇန်နဝါရီ ၂၄ ရက်က ပြည်တွင်းကူးစက်မှု ၁၁၇ ဦး နှင့် ပြည်ပမှဝင်ရောက်လာသော ကူးစက်မှု ၇ ဦးအပါအဝင် COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၂၄ ဦး စစ်ဆေးတွေ့ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ပြည်တွင်းကူးစက်မှုများအနက် ဂျီလင်တွင် ၆၇ ဦး ၊ ဟဲလုံကျန်းတွင် ၃၅ ဦး ၊ ဟဲပေတွင် ၁၁ ဦး ၊ပေကျင်းတွင် ၃ ဦး နှင့် ရှန်ဟိုင်းတွင် တစ်ဦး အသီးသီးရှိခဲ့ကြောင်း ကော်မရှင်၏ နေ့စဉ်အစီရင်ခံချက်က ဆိုသည်။
အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် ၄၆၉ ဦးစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာပေါင်း ၁၃၃,၇၆၇ ဦးထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံအတွင်း အတည်ပြုလူနာ နောက်ထပ်သုံးဦးသေဆုံးခဲ့သဖြင့် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းအထိ သေဆုံးသူစုစုပေါင်း ၂,၀၆၆ ဦးထိရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။(Xinhua)
—————————————————-
(English Version)
Mexican president tests positive for coronavirus
BEIJING, Jan. 25 (Xinhua) — The following are the updates on the global fight against the COVID-19 pandemic.
– – – –
MEXICO CITY — Mexico’s President Andres Manuel Lopez Obrador announced Sunday on Twitter that he has tested positive for COVID-19.
The president tweeted that at the moment, he is experiencing “mild symptoms” and currently undergoing treatment.
– – – –
LISBON — Portuguese Defense Minister Joao Gomes Cravinho tested positive for COVID-19 with mild symptoms, his office announced on Sunday.
According to a statement from the Ministry of Defense, Cravinho is already “in confinement, keeping working at a distance.”
TUNIS — Tunisian Foreign Minister Othman Jerandi on Sunday confirmed through social network his infection with COVID-19, local Mosaiquefm radio reported on Sunday.
Jerandi announced that he had contracted COVID-19 despite taking all necessary precautions and following health protocols.
– – – –
SEOUL — South Korea reported 437 more cases of COVID-19 as of midnight Sunday compared to 24 hours ago, raising the total number of infections to 75,521.
The daily caseload stayed below 500 for eight straight days, after peaking at 1,240 on Dec. 25.
– – – –
BEIJING — The Chinese mainland on Sunday reported 124 newly confirmed COVID-19 cases, including 117 locally transmitted and seven arriving from outside the mainland, the National Health Commission said Monday.
Of the locally transmitted cases, 67 were reported in Jilin, 35 in Heilongjiang, 11 in Hebei, three in Beijing, and one in Shanghai, the commission said in its daily report.
– – – –
ADDIS ABABA — Ethiopia registered 469 new COVID-19 cases in the last 24 hours, taking the nationwide tally to 133,767, the country’s Ministry of Health said Sunday.
The death toll from COVID-19 in the country has reached 2,066 as of Sunday evening, after three new deaths were reported, the ministry said. Enditem
Photo caption- Mexico’s President Andres Manuel Lopez Obrador