Social, Education & Health
တရုတ်နိုင်ငံ တွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ဖြစ်စဉ်သစ် ၂ခု ထပ်မံဖြစ်ပွား
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့က ဇီကာဗိုင်းရပ်စ် ကူးစက်ခံမှု ဖြစ်စဉ်သစ် ၂ခု ကိုတွေ့ရှိခဲ့ကြောင်း အဆိုပါဒေသရှိ ကျန်းမာရေး အာဏာပိုင်များကပြောကြားခဲ့သည်။
ရောဂါကူးစက်ခံရသူ နှစ်ဦးမှာ ဗင်နီဇွဲလားနိုင်ငံ မှ တရုတ်နိုင်ငံသို့ပြန်လာသည့် မောင်နှမ ၂ဦး ဖြစ်ကာ တစ်ဦးသည် အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ရှစ်နှစ် အရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် ကွမ်ကျိုး ဘိုင်ယန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရောက်ရှိချိန်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ကွမ်တုံပြည်နယ်ဆိုင်ရာ ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် ကပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးအား ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယခုအခါတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ရှစ်ယောက်ရှိလာပြီး နိုင်ငံတစ်ဝန်းတွင် ရာသီဥတု စတင်ပူနွေးလာသောကြောင့် ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတိပေးချက်များ တိုးမြှင့်ထားကြောင်းသိရသည်။
အမျုးိသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ရာသီဥတု ပူနွေးလာသည်နှင့် အမျှ အချို့ဒေသ များတွင် ခြင်ပေါက်ဖွားနှုန်းသည်လည်း တိုးတက်လာသောကြောင့် ဖျားနာမှု အား ထိန်းချုပ်ခက်ခဲ နိုင်သည့် အတွက် အများပြည်သူများအား နိုးနိုးကြားကြားနေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)