Social, Education & Health
တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နီပေါလေယာဉ် ပျက်ကျမှု အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ပေကျင်း၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် ပျက်ကျမှု အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာအား နီပေါနိုင်ငံ ဝန်ကြီးချုပ် Khadga Prasad Sharma Oli ထံသို့ ဖေဖော်ဝါရီလ ၂၉ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
သဝဏ်လွှာ၌ လီသည် သေဆုံးသူများအတွက် ပူဆွေး ရပါကြောင်း နှင့် ၎င်းတို့၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြထားသည်။
Tara လေကြောင်းလိုင်းမှ လေယာဉ်ငယ် တစ်စီးသည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နီပေါ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်သည့် Pokhara မြို့မှ Jomsom မြို့သို့ ပျံသန်းနေစဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တရုတ်နိုင်ငံမှ ခရီးသည် တစ်ဦးအပါအဝင် ခရီးသည် ၂၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)