ဘရပ်ဆဲလ်၊ မေ ၆ ရက် (ဆင်ဟွာ) ဥရောပ ဆေးဝါးအေဂျင်စီ (EMA) က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ပြန်လည်သုံးသပ်ခြင်း စတင်ပြီဖြစ်ကာ ဥရောပတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိရေး မျှော်မှန်းထားသည့် နောက်ဆုံးကာကွယ်ဆေး လျှောက်ထားမှုလည်း ဖြစ်သည်။
စင်္ကာပူ ၊ မေ ၅ ရက်(ဆင်ဟွာ) ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါအခြေအနေနှင့်အညီ စင်္ကာပူနိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေး တင်းကြပ်သောအစီအမံများကို မေ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ မေ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် ၁၇၆၃ ဦး တိုးလာခဲ့သဖြင့် လူနာပေါင်း ၇၂,၇၈၈ ဦးထိ ရှိလာခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)၏ မေ ၄ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
မွန်ဘိုင်း ၊ မေ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆေးဝါး ကုမ္ပဏီ ဖြစ်သည့် Natco Pharma မှ ထုတ်လုပ်သော Baricitinib ဆေးပြားများကို COVID-19 လူနာများကုသရာ၌ အသုံးပြုရန်အတွက် ဗဟိုဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကုမ္ပဏီက မေ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ မေ ၄ ရက်(ဆင်ဟွာ) လက်ရှိ အိန္ဒိယနိုင်ငံတွင် ဆေးကုသသုံး အောက်စီဂျင်လိုအပ်မှုများကို ဖြေလျှော့ရန်အတွက် အောက်စီဂျင် ထုတ်လုပ်ပံ့ပိုးမှုများ ထပ်တိုးဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီက မေ ၂ ရက်တွင် အဆင့်မြင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
ဦလန်ဘာတာ ၊ မေ ၄ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူဦးရေမှာ မေ ၃ ရက် နေ့လည်ပိုင်းတွင် ၁ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ အစိုးရသတင်းထုတ်ပြန်ရေးရုံးမှ သိရသည်။
ဂျကာတာ ၊ မေ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇပြောင်းလဲမျိုးစိတ်သစ် နှစ်မျိုး ကူးစက်ခံထားရသော လူနာသစ် ၃ ဦး စစ်ဆေးတွေ့ရှိကြောင်း အစိုးရအဖွဲ့က အတည်ပြုခဲ့သည်ဟု အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုသည်။
မနီလာ၊မေ ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မေ ၃ ရက် ညပိုင်းတွင် တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Harry Roque က ဆိုသည်။
စင်ကာပူ ၊ မေ ၃ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက(MOH)က မေ ၂ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၃၉ ဦး စစ်ဆေးတွေ့ရှိကြောင်း နှင့် နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၆၁,၂၁၈ ဦးထိရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ယင်းအတည်ပြုလူနာသစ်များအနက် ၂၅ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ပြီး ၁၄ ဦးမှာ...
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 လူနာသစ် ၈,၃၄၆ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ အရေအတွက် ၁,၀၅၄,၉၈၃ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန(DOH)က မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။