Connect with us

ASEAN

  ဆေးကုသသုံး အောက်စီဂျင် လိုအပ်မှုများကို ဖြေလျှော့ရန် အိန္ဒိယအစိုးရ ကြိုးပမ်းလျက်ရှိ

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ကိုဗစ်ယာယီဆေးရုံတစ်ခုအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

နယူးဒေလီ၊ မေ ၄ ရက်(ဆင်ဟွာ)

လက်ရှိ အိန္ဒိယနိုင်ငံတွင် ဆေးကုသသုံး အောက်စီဂျင်လိုအပ်မှုများကို ဖြေလျှော့ရန်အတွက် အောက်စီဂျင် ထုတ်လုပ်ပံ့ပိုးမှုများ ထပ်တိုးဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီက မေ ၂ ရက်တွင် အဆင့်မြင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မည့် နည်းလမ်းများတွင် အောက်စီဂျင်စက်ရုံအနီး ကိုဗစ်လူနာစောင့်ရှောက်ရေး ယာယီကျန်းမာရေးစင်တာတည်ဆောက်ပြီး အောက်စီဂျင်ပေးနိုင်သည့် လူနာကုတင်နေရာ (၁)သောင်း ထားရှိရန်၊ တစ်နိုင်ငံလုံးတွင် အောက်စီဂျင်စက်ရုံ (၁,၅၀၀)ခန့် တည်ဆောက်ရန်နှင့် နိုက်ထရိုဂျင်စက်ရုံများကို အောက်စီဂျင်ထုတ်စက်ရုံအဖြစ် ပြောင်းလဲရန်တို့ ပါဝင်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ကိုဗစ်ယာယီဆေးရုံတစ်ခုတွင် အောက်စီဂျင်အိုးများ ပြင်ဆင်နေသည်ကို မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အောက်စီဂျင်စက်ရုံအနီး ကိုဗစ်လူနာစောင့်ရှောက်ရေး ယာယီကျန်းမာရေးစင်တာတည်ဆောက်မှု ရှေ့ပြေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် လက်ရှိ နိုက်ထရိုဂျင်စက်ရုံများကို အောက်စီဂျင်ထုတ် စက်ရုံအဖြစ် ပြောင်းလဲမည့် ဖြစ်နိုင်ခြေကို ဆွေးနွေးလျက်ရှိပြီး ပြုပြင်ပြောင်းလဲမည့် နိုထရိုဂျင်စက်ရုံ (၃၈)ခု အတည်ပြုထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ ဆေးရုံတစ်ခုအတွင်းသို့ အောက်စီဂျင်အိုးများ သယ်ဆောင်လာသည်ကို မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ ဆေးရုံတစ်ခုအတွင်း အောက်စီဂျင်အိုးများ တပ်ဆင်နေသည်ကို မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ ဆေးရုံတစ်ခုတွင် အောက်စီဂျင်အိုးများ သယ်ဆောင်နေသည်ကို မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါအခြေအနေ အဆက်မပြတ်ဆိုးဝါးလာခြင်းကြောင့် အိန္ဒိယရှိ နေရာအများအပြားတွင် အရေးပေါ်လူနာကုတင်၊ အောက်စီဂျင်၊ အသက်ရှူစက် စသည့် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ အရေးပေါ်လိုအပ်လျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တင်းကြပ်သွားမည်ဖြစ်ကြောင်း အသီးသီးကြေညာခဲ့သည်။ မြို့တော် နယူးဒေလီက မေ ၁ ရက်တွင် လက်ရှိလော့ခ်ဒေါင်းကာလကို မေလ ၁၀ ရက်အထိ ထပ်တိုးဆောင်ရွက်သွားမည်ဟုလည်းကောင်း၊ ဟာယနပြည်နယ်က မေ ၂ ရက်တွင် ရက်သတ္တပတ်ကြာလော့ခ်ဒေါင်းကာလကို မေ ၃ ရက်တွင် စတင်ဆောင်ရွက်မည်ဟုလည်းကောင်း၊ ဩရိဿပြည်နယ်က မေ ၅ ရက်မှစ၍ လော့ခ်ဒေါင်း (၁၄)ရက်ကြာ ဆောင်ရွက်သွားမည်ဟုလည်းကောင်း အသီးသီးကြေညာခဲ့သည်။

ဆေးကုသသုံး အောက်စီဂျင်လိုအပ်မှုအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရန် ထိုမတိုင်မီ အိန္ဒိယအစိုးရက အောက်စီဂျင်စက်ရုံသစ်တည်ဆောက်ခြင်း၊ အောက်စီဂျင်ပို့ဆောင်ပေးရန် သီးသန့်ရထားများ ထားရှိခြင်း၊ စစ်သုံးလေယာဉ်များဖြင့် အောက်စီဂျင်စက်ပစ္စည်းများ ပို့ဆောင်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း စသည်တို့အပါအဝင် နည်းလမ်းများစွာဖြင့် ဆောင်ရွက်ခဲ့သည်။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၂ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၃၉၂,၄၈၈)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၁၉,၅၅၇,၄၅၇)၊ ထပ်တိုးသေဆုံးသူ (၃,၆၈၉)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၂၁၅,၅၄၂)ဦး ရှိကြောင်း သိရသည်။ အိန္ဒိယတွင် တစ်ရက်အတွင်း ထပ်တိုးသည့် လူနာဦးရေ (၉)ရက်ဆက်တိုက် (၃)သိန်းကျော် ရှိခဲ့ပြီးနောက် မေ ၁ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် လူနာဦးရေ(၄)သိန်းကျော်လာခဲ့ရာ ၎င်းမှာ အိန္ဒိယကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ၏ အများဆုံးစံချိန်ဖြစ်ခဲ့ကြောင်း သိရသည်။(Xinhua)
—————————————
(Chinese Version)

(国际疫情)印度政府考虑采取更多措施缓解医用氧气短缺问题

  新华社新德里5月2日电(记者胡晓明)印度总理莫迪2日召开高级别会议,讨论采取更多增加氧气生产和供应的措施,以缓解该国目前面临的医用氧气短缺问题。
 据印度总理办公室发表的声明,新措施包括在制氧厂附近建立临时新冠病人护理中心,计划设置1万张带有供氧设施的床位;在全国建立约1500家制氧厂;把现有制氮厂改造成制氧厂。
声明说,在制氧厂附近建立临时新冠病人护理中心的试点工作已经开始;政府探讨了将现有制氮厂改造成制氧厂的可行性,并确定了拟进行改造的38家制氮厂。
由于新冠疫情不断恶化,印度多地急症病床、医用氧气、呼吸机等医疗资源告急,纷纷宣布收紧疫情防控措施。印度首都新德里1日宣布,将正在实施的“封城”措施延长至10日;哈里亚纳邦2日宣布,从3日起实施为期一周的封锁;奥迪沙邦宣布,从5日起实施为期14天的封锁。
 为了应对医用氧气短缺危机,印度政府此前已采取一系列措施,包括建立新的制氧厂、开通运送氧气的专列、动用军用飞机运送氧气设备、进口医用氧气等。
 印度卫生部2日公布的数据显示,该国较前一日新增新冠确诊病例392488例,累计确诊19557457例;新增死亡病例3689例,累计死亡215542例。印度单日新增确诊病例连续9天超过30万例后,1日首次超过40万例,为该国疫情暴发以来单日新增最高纪录。(完)
图说1:这是5月3日在印度加尔各答拍摄的一处新冠临时医院床位旁的氧气瓶。
图说2:5月3日,一名工作人员在印度加尔各答一处新冠临时医院准备吸氧设备。
图说3:5月3日,一名工作人员在印控克什米尔地区查谟的医院中搬运医用氧气罐。
图说4:5月3日,一名工作人员在印控克什米尔地区查谟的医院中安装医用氧气罐。
图说5:5月3日,一名工作人员在印控克什米尔地区的查谟搬运医用氧气罐。