Connect with us

ASEAN

Sinovac COVID-19 ကာကွယ်ဆေးကို ပြန်လည်သုံးသပ်ရန် အီးယူဆေးဝါး ကြီးကြပ်ရေးအဖွဲ့ စတင် ဆောင်ရွက်

ဘရပ်ဆဲလ်၊ မေ ၆ ရက် (ဆင်ဟွာ)

ဥရောပ ဆေးဝါးအေဂျင်စီ (EMA) က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ပြန်လည်သုံးသပ်ခြင်း စတင်ပြီဖြစ်ကာ ဥရောပတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိရေး မျှော်မှန်းထားသည့် နောက်ဆုံးကာကွယ်ဆေး လျှောက်ထားမှုလည်း ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေး လျှောက်ထားမှုကို အီတလီနိုင်ငံ အခြေစိုက် Life’On S.r.l က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း EMA ၏ မေ ၄ ရက်က ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။ “ကာကွယ်ဆေးက COVID-19 ဖြစ်ပွားစေသော ဗိုင်းရပ်စ် SARS-CoV-2 အား ပစ်မှတ်ထားသည့် ပဋိပစ္စည်းထုတ်လုပ်မှုကို အစပျိုးပေးပြီး ရောဂါဖြစ်ပွားမှု ကာကွယ်ရန် အထောက်အကူပြုပေးနိုင်ပါတယ်” ဟု EMA က ပြောခဲ့သည်။

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးသည် SARS-CoV-2 ၏ ရောဂါမဖြစ်ပွားစေနိုင်သော inactivated ပုံစံတစ်ခုကို အသုံးပြုထားခြင်းဖြစ်သည်။ ၎င်းဆေးအား တစ်ကြိမ်ထိုးနှံပြီးပါက ကာကွယ်ဆေးထိုးနှံထားသူတွင် ဗိုင်းရပ်စ် တိုက်ဖျက်ရေး ပဋိပစ္စည်း စတင်ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ထိတွေ့လာနိုင်မည့် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အသင့်ဖြစ်လာစေမည်ဖြစ်ကြောင်း EMA ၏ ထုတ်ပြန်ချက်အရ သိရသည်။

Sinovac အား ဆေးစွမ်းထက်မှု၊ ဘေးကင်းစိတ်ချမှုနှင့် အရည်အသွေးအတွက် ဥရောပသမဂ္ဂ (EU) စံချိန်စံညွှန်းများနှင့် ချင့်ချိန်အကဲဖြတ်သွားမည်ဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။BioNTech/Pfizer ၊ Moderna ၊ AstraZeneca နှင့် Johnson & Johnson တို့မှ ထုတ်လုပ်သော ကာကွယ်ဆေးလေးမျိုးမှာ ဈေးကွက်တင်ရောင်းချရန်ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။

ထို့ပြင် အခြား ကာကွယ်ဆေးလေးမျိုးဖြစ်သော Sinovac ၊ CureVac ၊ Novavax နှင့် Sputnik V. A ကာကွယ်ဆေးများအား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း အာမခံဆေးဝါး ရရှိရေး အရှိန်မြှင့်ဆောင်ရွက်ရန် အသုံးပြုလျက်ရှိသော စည်းကမ်းထိန်းသိမ်းရေးကိရိယာဖြင့် သုံးသပ်လျက်ရှိကြောင်း သိရသည်။

အီးယူရှိ မည့်သည့်နိုင်ငံတွင်မှ Sinovac ကာကွယ်ဆေးအား အသုံးပြုခြင်းမရှိသေးပေ။ သို့ရာတွင် အီးယူအဖွဲ့ဝင်ဖြစ်သော ဟန်ဂေရီနိုင်ငံက ၎င်း၏ပြည်သူများအား နောက်ထပ် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတစ်မျိုးဖြစ်သော Sinopharm COVID-19 ကာကွယ်ဆေး အသုံးပြု၍ ကာကွယ်ဆေးထိုးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

EU medicine regulator starts rolling review of Sinovac COVID-19 vaccine

Source: Xinhua| 2021-05-06 09:57:35|Editor: huaxia

BRUSSELS, May 6 (Xinhua) — The European Medicine Agency (EMA) has started a rolling review of the COVID-19 vaccine developed by Chinese company Sinovac, the latest vaccine candidate hoping to win approval for usage in the bloc.

In a press release on Tuesday, the EMA announced that the application for the vaccine was submitted by Italy-based Life’On S.r.l.

“The vaccine triggers the production of antibodies that target SARS-CoV-2, the virus that causes COVID-19, and may help protect against the disease,” said the EMA.

The Chinese vaccine uses an inactivated form of the SARS-CoV-2, which cannot cause the disease. Once inoculated, the vaccinated person will start producing antibodies against the virus, hence becoming ready to fight the virus should contact be made later on, according to the EMA.

Sinovac will be evaluated with the usual European Union (EU) standards for effectiveness, safety and quality, said the agency.

So far, four vaccines developed by BioNTech/Pfizer, Moderna, AstraZeneca and Johnson & Johnson, have been granted conditional marketing authorization.

Four other vaccines are under rolling review, including Sinovac, CureVac, Novavax and Sputnik V. A rolling review is a regulatory tool that the EMA uses to speed up the assessment of a promising medicine during a public health emergency.

No EU country currently uses the Sinovac vaccine. However, EU-member Hungary has decided to vaccinate its population using the Sinopharm COVID-19 vaccine, another Chinese vaccine. ■

Photo taken on Jan. 6, 2021 shows the packing line for inactivated COVID-19 vaccine of Sinovac Biotech, a Chinese biopharmaceutical company, in Beijing, capital of China. (Xinhua/Zhang Yuwei)