နယူးဒေလီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတစ်ဝှမ်း COVID-19 လူနာသစ်တွေ့ရှိမှုမှာ မတ် ၂၉ ရက်တွင် ၆၈,၀၂၀ ဦး ရှိခဲ့ရာ ယခုနှစ်အတွင်း နေ့စဉ်တွေ့ရှိမှုများအနက် အများဆုံး အရေအတွက်ဖြစ်ပြီး ယခုအခါ အတည်ပြုလူနာ ၁၂,၀၃၉,၆၄၄ ဦး ရှိလာကာ COVID-19 လူနာပေါင်း ၁၂...
ဘန်ကောက် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul သည် မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံ Sinovac မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူခဲ့ပြီး ကာကွယ်ဆေး၏ ဘေးကင်းမှုအား...
နယူးဒေလီ ၊ မတ် ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Lok Sabha Om Birla တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ဒေလီအခြေစိုက် အိန္ဒိယဆေးဘက်ဆိုင်ရာသိပ္ပံဌာန(AIIMS)မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဘန်ကောက်၊ မတ် ၂၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ဝယ်ယူထားသည့် ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများသည် မတ် ၂၀ ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မနီလာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် နိုင်ငံခြားသားများနှင့် ပြည်ပမှ ပြန်လာကြမည့် နိုင်ငံသားအချို့ ဝင်ရောက်မှုကို ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အဓိကဆေးရုံတစ်ရုံရှိ ကိုဗစ် လူနာများ ကုသပေးသော အရေးပေါ်ကုသဆောင်တွင် မတ် ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာသုံးဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဒုတိယအဆင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁ ရက်က စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယအဆင့်တွင် အသက် ၆၀ နှစ်အထက်နှင့် ရောဂါအခံရှိသူ အသက် ၄၅ နှစ်အထက်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။
ဗီယင်ကျန်း၊ မတ် ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀,၀၀၀ ခန့်အား တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinopharm ကာကွယ်ဆေး အသုံးပြုလျက် မတ်လနှင့် ဧပြီလအတွက် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
တိုကျို၊ မတ် ၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် Pfizer- BioNTech ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ဂျပန်နိုင်ငံ၌ ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း၊ သေဆုံးမှုမှာကာကွယ်ဆေးထိုးနှံခြင်းနှင့်သက်ဆိုင်မှုရှိမရှိ အတိအကျ မသိရသေးကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ မတ် ၃ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အသုံးပြုရန်အတွက် အခြေအနေရခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။