Connect with us

ASEAN

မလေးရှားနိုင်ငံတွင် Sinovac COVID-19 ကာကွယ်ဆေး အခြေအနေရ အသုံးပြုခွင့် ရရှိ

မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပူထရာဂျာယာ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ မတ် ၃ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အသုံးပြုရန်အတွက် အခြေအနေရခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

အခြေအနေရ မှတ်ပုံတင်ခြင်း ခွင့်ပြုချက်သည် ယင်းကာကွယ်ဆေးအား အရေးပေါ်ကာလအတွင်း အသုံးပြုရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ပြီးခဲ့သောရက်သတ္တပတ်က Sinovac CoronaVac ကာကွယ်ဆေး ပမာဏများစွာကို ပထမအသုတ်ဖြင့် လက်ခံရရှိခဲ့သည်။
အဆိုပါ ပေးပို့လာသော ကာကွယ်ဆေးများကို Sinovac ၏ မိတ်ဖက်တစ်ခုဖြစ်သည့် မလေးရှားနိုင်ငံ Pharmaniaga ဆေးဝါးကုမ္ပဏီနှင့်အတူ အပြည့်အဝ နှင့် အဆုံးတိုင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မလေးရှားနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများသည် စိစစ်မှုကွဲပြားစွာရှိကြောင်း Noor Hisham က ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးအပြင် မလေးရှားနိုင်ငံသည် AstraZEeneca/Oxford တို့ပူးပေါင်းထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို အ‌ခြေအနေရ အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

အစောပိုင်းက မလေးရှားနိုင်ငံသည် Pfizer-BioNTech မှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးကို အမျိုးသားကိုယ်ခံအားစနစ်အစီအစဉ်ဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုးနှံနိုင်ရန် သုံးစွဲခွင့် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို အဆင့် သုံးဆင့်ခွဲထားပြီး အဆင့် ၁ တွင် ရှေ့တန်းတွင်လုပ်ကိုင်နေကြသည့် ပြည်သူ သန်းဝက် ကိုလွှမ်းခြုံနိုင်ရန်ဖြစ်ကြောင်း ၊ အဆင့် ၂ တွင် ကူးစက်နိုင်ခြေမြင့်သော လူအုပ်စုအားလည်းကောင်း ၊ အဆင့် ၃ တွင် အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူများအား လည်းကောင်း ထိုးနှံပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်တစ်ခုလုံးကို လာမည့်နှစ်ဖေဖော်ဝါရီတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားပြီး နိုင်ငံ့လူဦးရေ၏ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

——————————————————-
(English Version)

Sinovac’s COVID-19 vaccine gets conditional approval in Malaysia

KUALA LUMPUR, March 2 (Xinhua) — Malaysia has granted conditional approval for the use of the COVID-19 vaccine made by Chinese biopharmaceutical company Sinovac Biotech, the health ministry said on Tuesday.

The approval of the conditional registration would allow the vaccines to be used during an emergency, Health Ministry Director-General Noor Hisham Abdullah said in a statement.
Malaysia took its first delivery of Sinovac’s CoronaVac vaccines in bulk last week.

The delivered vaccines will go through a “fill and finish” by Sinovac’s Malaysia partner Pharmaniaga, which Noor Hisham said Malaysia’s regulators are evaluating separately.
Besides the vaccine from the Chinese manufacturer, Malaysia on Tuesday also granted conditional approval for the COVID-19 vaccine from the AstraZeneca/Oxford consortium.
Previously, Malaysia approved the use of the COVID-19 vaccine developed by Pfizer-BioNTech, which was used in its national immunization program on Feb. 24.

According to the government’s plan, Malaysia’s vaccination program will be conducted in three phases: phase 1 for frontliners covering some half a million people, phase 2 for high-risk groups and phase 3 for adults aged those aged 18 and above. The whole exercise is expected to be completed by February next year, covering at least 80 percent of the country’s population. Enditem

Photo- Malaysian Health Ministry Director-General Noor Hisham Abdullah receives a shot of COVID-19 vaccine in Putrajaya, Malaysia, Feb. 24, 2021.