Connect with us

ASEAN

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က Sinovac ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူ ၊ တရုတ်ကာကွယ်ဆေး၏ ဘေးကင်းမှုအား ထပ်မံအတည်ပြု

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul အား တရုတ်နိုင်ငံ Sinovac မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရန် ကျန်းမာရေးဝန်ထမ်းများက ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul သည် မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံ Sinovac မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူခဲ့ပြီး ကာကွယ်ဆေး၏ ဘေးကင်းမှုအား ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။

“ကျွန်တော် အမြဲတမ်း အားကောင်းပြီး ခွန်အားပြည့်ဝသလိုမျိုး ခံစားရပါတယ်။ကိုယ့်ကိုကိုယ် ကာကွယ်ဖို့နဲ့ တစ်ခြားသူတွေကို ကာကွယ်ဖို့အတွက် အခုလို ထိုးနှံရတာ ဖြစ်ပါတယ်။”ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Anutin က ကာကွယ်ဆေး ထိုးနှံပြီးနောက် မည်ကဲ့သို့ ခံစားရသနည်း ဆိုသည့် မေးမြန်းမှုအပေါ် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul က တရုတ်နိုင်ငံ Sinovac မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူနေစဉ် (ဆင်ဟွာ) 

ထိုင်းနိုင်ငံ၌ COVID-19 ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်စတင်ခြင်းပြုလုပ်စဉ် ဒုတိယဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၈ ရက်က ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုခံယူ ခဲ့သည်။
ပြီးခဲ့သောလက ထိုင်းနိုင်ငံသည် Sinovac COVID-19 ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး ယခုအထိ တရုတ်နိုင်ငံမှ ကာကွယ်ဆေးနှစ်သုတ် လက်ခံရရှိထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Anutin က အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)သည် မှတ်ပုံတင်ထားသည့် ကာကွယ်ဆေးများအားလုံးကို အသိအမှတ်ပြုခြင်း နှင့် စစ်ဆေးခြင်းများအား သေချာစွာ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ၊ ကာကွယ်ဆေးသည် FDA က အတည်ပြုနေသမျှ စိတ်ချရသည်ဟု မှတ်ယူကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ မတ် ၁၉ ရက်အထိ ပြည်သူ ၆၂,၀၀၀ ကျော်မှာ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Anucha Burapachaisri ၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံ၌ စုစုပေါင်း COVID-19 ရောဂါ ဖြစ်ပွားသူအရေအတွက်သည် မတ် ၂၃ ရက်အထိ ၂၈,၂၇၇ ဦးရှိခဲ့ပြီး သေဆုံးလူနာပေါင်း ၉၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)

Thai deputy PM gets 2nd Sinovac dose, reaffirms safety of Chinese vaccine

BANGKOK, March 23 (Xinhua) — Thai Deputy Prime Minister and Public Health Minister Anutin Charnvirakul on Tuesday received his second shot of COVID-19 vaccine developed by China’s Sinovac, and reaffirmed the safety of the vaccine.

“I always feel strong and energetic. We take the shots because we want to save ourselves and save others as well,” Anutin said when being asked how he felt after the injection.
The deputy PM was the first Thai receiving the jab on Feb. 28 as the Southeast Asian country began its roll-out of the COVID-19 vaccination program.
Thailand approved the Sinovac COVID-19 vaccine for emergency use last month and has so far received two batches of the vaccine.

“We have our Food and Drug Administration (FDA) to make sure that all registered vaccines have already been well certified and tested,” Anutin said, adding that the vaccine is considered to be safe as long as the FDA approves that vaccine.

As of March 19, more than 62,000 people in the country had been vaccinated, according to the government spokesperson Anucha Burapachaisri.
Thailand’s total caseload has risen to 28,277 as of Tuesday, with a total death toll of 92. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.