ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၂၅ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၈၂ ဦး ရှိရာ ၎င်းတို့အနက်...
ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဆောင်းရာသီ ကူးစက်လူနာဦးရေ တစ်ဟုန်ထိုးမြင့်တက်နေချိန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဥရောပနိုင်ငံများတွင် ပိတ်ဖြင့်ပြုလုပ်သည့် နှာခေါင်းစည်းအစား ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်း(Surgical mask) မဖြစ်မနေ တပ်ဆင်ကြရန် လုပ်ဆောင်လျက်ရှိကြောင်း စင်ကာပူLianhe Zaobao ဇန်နဝါရီ ၂၄ ရက်...
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရှီကျားကျွမ်းမြို့နှင့် ခရိုင်မြို့နယ်ဒေသအသီးသီးကို ဇန်နဝါရီ ၂၃ ရက်မှစ၍ အဆင့်ခွဲ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ကျော်သွားလာလှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျားကျွမ်းမြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ဇန်နဝါရီ ၂၃ ရက်တွင် ရောဂါဖြစ်ပွားသည့်နေရာအား ပထမဆုံးအကြိမ်အဖြစ် လော့ခ်ဒေါင်းပြုလုပ်ခဲ့သည်။ ဟောင်ကောင် Jordanဒေသ၏ ကန့်သတ်နယ်မြေအတွင်း အသွားအလာ ကန့်သတ်ထားသူများ မဖြစ်မနေ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူကြရမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း တစ်စုတစ်စည်းတည်း စီမံမှုများအရ ပေကျင်းမြို့တွင် အဓိက လူအုပ်စုများ၏ ဒုတိယမြောက် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်၍ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
ထျန်းကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ် ကျန်းမာရေးတာဝန်ရှိသူများသည် မကြာသေးမီက မြို့အတွင်းသို့ ပြည်ပမှ ဝင်ရောက်လာသော COVID-19 ရောဂါကူးစက်မှုတစ်ခု၌ ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးတရုတ်နိုင်ငံ ပေကျင်းမြို့ အရှေ့ပိုင်း တုန်းချိန်ဒေသ နှင့် အနောက်ပိုင်း ရှီးချိန်ဒေသတို့၏ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု ညွှန်ကြားရေးအဖွဲ့ က လတ်တလောကာလအတွင်း ပြင်ပမှ COVID-19 ရောဂါ ဝင်ရောက်သည့် အန္တရာယ်မြင့်တက်လာသောကြောင့် ယင်းဒေသနှစ်ခုရှိ...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း တစ်စုတစ်စည်းတည်း စီမံမှုများအရ ပေကျင်းမြို့ရှိ အဓိက လူအုပ်စုများ၏ ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်မတိုင်မီ အလုံးစုံပြီးမြောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ China National Biotec Group (CNBG) က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျက်နိုင်ပြီး မတူညီသော ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲများကို အားပျော့သွားစေကြောင်း CNBG အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ဇန်နဝါရီ...
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီရတ်နိုင်ငံက COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်နိုင်ငံ၏ AstraZeneca ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၁၉ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။