Connect with us

CHINA

တရုတ်နိုင်ငံထုတ် CNBG ကာကွယ်ဆေးက မတူညီသည့် COVID-19 မျိုးဗီဇကွဲများကို ကာကွယ်နိုင်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း ဇီဝထုတ်ကုန်များအင်စတီကျူ့ ကုမ္ပဏီလီမိတက်ရှိ ထုပ်ပိုးရေးစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) ကို ဝန်ထမ်းတစ်ဦးက စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ China National Biotec Group (CNBG) က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျက်နိုင်ပြီး မတူညီသော ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲများကို အားပျော့သွားစေကြောင်း CNBG အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ဇန်နဝါရီ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း အခြားနိုင်ငံများတွင်တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်များကို စုဆောင်းထားခဲ့ကြောင်းနှင့် ဆက်စပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း Sinopharm နှင့် မိတ်ဖက်ဖြစ်သော CNBG အုပ်စု၏ ဒုတိယဥက္ကဋ္ဌ Zhang Yuntao က ပြောခဲ့သည်။

ထိုအချိန်တွင် စမ်းသပ်မှုရလဒ်များက ကာကွယ်ဆေးသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှ မျိုးဗီဇကွဲကိုမဆို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးနိုင်ကြောင်း ပြသထားသည်ဟု Zhang က ဆိုသည်။“သို့သော်လည်း ထိုအချိန်ကတည်းက တောင်အာဖရိ၊ ဗြိတိန်နှင့် နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံတွေကနေ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်တချို့ရဲ့သတင်းတွေအပေါ် ကျွန်တော်တို့ လေ့လာစောင့်ကြည့်လျက်ရှိတယ်” ဟု Zhang က ပြောကြားခဲ့သည်။ကုမ္ပဏီအနေဖြင့် ပြောင်းလဲမှုများအပေါ် အနီးကပ်အာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး ဗိုင်းရပ်စ်အားပျော့မှုနှင့် ဆက်စပ်သော စမ်းသပ်မှုများအား ဆက်ပြီးလုပ်ဆောင်သွားမည်ဟု Zhang က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

————————————————
(English Version)

China-made CNBG vaccine can protect against different COVID-19 variants

BEIJING, Jan. 20 (Xinhua) — The China-made China National Biotec Group (CNBG) COVID-19 vaccine is broad-spectrum and can cross-neutralize different coronavirus strains, said a senior CNBG executive at a press conference on Wednesday.

Zhang Yuntao, vice president of CNBG, affiliated to Sinopharm, said the company had collected coronaviruses found in other countries that were attainable at the end of 2020 and conducted relevant tests.

Test results at the time showed the vaccine could provide extensive protection against strains from elsewhere in the world, said Zhang.
“However, we have observed reports of some new variants from countries including South Africa, Britain and Nigeria since that time,” said Zhang, noting that the company is paying close attention to changes and will continue to carry out relevant cross-neutralization tests. Enditem
A staff member checks a COVID-19 inactivated vaccine product at a packaging plant of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, Dec. 25, 2020.(Xinhua/Zhang Yuwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.