Connect with us

CHINA

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန်အတွက် အီရတ်နိုင်ငံ ခွင့်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ China National Pharmaceutical Group Co., Ltd. (Sinopharm) ၏ COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ပြသနေစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီရတ်နိုင်ငံက COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်နိုင်ငံ၏ AstraZeneca ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၁၉ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။

အီရတ်နိုင်ငံ အမျိုးသားဆေးဝါးများ ရွေးချယ်ရေးဘုတ်အဖွဲ့ (NBSD) က အဆိုပါ ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီရတ် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အီရတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး ကူညီရန် ရောက်ရှိနေသော တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား ဘဂ္ဂဒက်မြို့ရှိ PCR ဓာတ်ခွဲခန်းအသစ်အပြင်ဘက်တွင် မှတ်တမ်းဓာတ်ပုံရိုက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် COVID-19 ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး ကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် CT ကိရိယာတပ်ဆင်နေသည့် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင် Wang Anming ကို တွေ့ရစဉ် (ဆင်ဟွာ) 

ဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးများ လက်ခံရယူရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပြင်ဆင်မှုများအားလုံး ပြုလုပ်ထားပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရမည့်အုပ်စုများကို ခွဲခြားပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး Hassan al-Tamimi က ၎င်း၏ရုံးတွင် NBSD နှင့်အတူပြုလုပ်သည့် အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သီးခြားထုတ်ပြန်ချက်တစ်ခု၌ ဝန်ကြီးဌာနက ပြောခဲ့သည်။

China National Pharmaceutical Group (Sinopharm) မှ ထုတ်လုပ်သော ကာကွယ်ဆေးသည် NBSD စံနှုန်းများနှင့် ကိုက်ညီသဖြင့် အီရတ်နိုင်ငံအတွင်း အသုံးပြုရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sayf al-Badr က ဆင်ဟွာသို့ ပြောခဲ့သည်။

ထို့ပြင် NBSD က ကပ်ရောဂါတိုက်ဖျက်ရေးအတွက် Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားခဲ့ပြီးဖြစ်သည်။

အီရတ်နိုင်ငံတွင် ဇန်နဝါရီ ၁၉ ရက်၌ COVID-19 ဖြစ်ပွားမှုအသစ် ၈၂၃ ခုရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်မှု အရေအတွက်မှာ ၆၀၉,၈၅၂ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ စုစုပေါင်း ၁၂,၉၆၂ ဦးရှိခဲ့ပြီး ပြန်လည်ကျန်းမာလာသူဦးရေမှာလည်း ၅၇၃,၀၁၁ ဦး ရှိလာပြီဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အီရတ်နိုင်ငံအား ကူညီပေးလျက်ရှိကြောင်း သိရသည်။

အီရတ်နိုင်ငံတွင် ကူးစက်ရောဂါ ထိန်းချုပ်ရေးကူညီရန် ရက်ပေါင်း ၅၀ ခန့် နေထိုင်ခဲ့သော တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် ၇ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ၂၀၂၀ ပြည့်နှစ် မတ် ၇ ရက်မှ ဧပြီ ၂၆ ရက်အတွင်း PCR ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ခြင်းနှင့် ဘဂ္ဂဒက်မြို့တော်၌ အဆင့်မြင့် CT scanner တစ်ခု တပ်ဆင်ခြင်းအတွက် ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံက အီရတ်နိုင်ငံအား ဆေးဘက်ဆိုင်ရာအကူအညီ ၃ ကြိမ် ပေးပို့ခဲ့ကြောင်းသိရသည်။ (Xinhua)

——————————————–

(English Version)
Iraq approves emergency use of Chinese, British COVID-19 vaccines
Source: Xinhua| 2021-01-20 04:43:19|Editor: huaxia
Iraq approved the emergency use of China’s Sinopharm COVID-19 vaccine because it “conforms to” the Iraqi standards, said Iraqi Ministry of Health spokesman Sayf al-Badr.
BAGHDAD, Jan. 19 (Xinhua) — Iraq on Tuesday approved the emergency use of China’s Sinopharm and British AstraZeneca vaccines to contain the spread of COVID-19 pandemic.
The Iraqi Ministry of Health said in a brief statement that the Iraqi National Board for Selection of Drugs (NBSD) approved the emergency use of the two vaccines.
Health Minister Hassan al-Tamimi, who held a meeting in his office with the NBSD, said that the ministry has made all logistical preparations to receive the vaccines and has identified the groups that would take the vaccines, the ministry said in a separate statement.
Iraqi Ministry of Health spokesman Sayf al-Badr told Xinhua that the Chinese vaccine, developed by China National Pharmaceutical Group (Sinopharm), “conforms to the NBSD standards, and therefore the Iraqi state approved it for use inside Iraq.”
Previously, the NBSD already approved the emergency use of Pfizer-BioNTech vaccine to combat the pandemic.
Also in the day, the Ministry of Health reported 823 new COVID-19 cases, bringing the total nationwide infections to 609,852.
The ministry also reported nine new deaths, raising the death toll from the infectious virus to 12,962, and 1,813 more recovered cases, bringing the total recoveries to 573,011.
China has been helping Iraq fight the COVID-19 pandemic.
From March 7 to April 26 in 2020, a Chinese team of seven medical experts spent 50 days in Iraq to help contain the disease, during which they helped build a PCR lab and install an advanced CT scanner in the capital Baghdad.
China has also sent three batches of medical aid to Iraq. ■
1- A staff member displays a sample of the COVID-19 inactivated vaccine at a vaccine production plant of China National Pharmaceutical Group Co., Ltd. (Sinopharm) in Beijing, capital of China, April 10, 2020. (Xinhua/Zhang Yuwei)
2- A Chinese team of medical experts sent to help contain the COVID-19 outbreak in Iraq pose for a group photo outside the new PCR laboratory in Baghdad, Iraq, on March 25, 2020. The laboratory was built by the Chinese team as part of China’s support for Iraq’s fight against the pandemic. (Xinhua/Khalil Dawood)
3- Wang Anming, a member of Chinese medical experts team, installs the CT equipment in Baghdad, Iraq, April 12, 2020, as part of China’s help to Iraq in fighting the COVID-19 pandemic. (Xinhua/Zhang Miao)