Connect with us

CHINA

ဥရောပနိုင်ငံများတွင် ပိုမိုတင်းကျပ်သည့် “နှာခေါင်းစည်းတပ်ဆင်ရန် အမိန့်”ထုတ်ပြန်

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် စူပါမာကက်ဝန်ထမ်းများက ဈေးဝယ်သူများအား FFP2 နှာခေါင်းစည်းဝေပေးနေသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဆောင်းရာသီ ကူးစက်လူနာဦးရေ တစ်ဟုန်ထိုးမြင့်တက်နေချိန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဥရောပနိုင်ငံများတွင် ပိတ်ဖြင့်ပြုလုပ်သည့် နှာခေါင်းစည်းအစား ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်း(Surgical mask) မဖြစ်မနေ တပ်ဆင်ကြရန် လုပ်ဆောင်လျက်ရှိကြောင်း စင်ကာပူLianhe Zaobao ဇန်နဝါရီ ၂၄ ရက် သတင်းများအရ သိရသည်။

ပြင်သစ်တွင် အပြင်ထွက်သည့်အခါ filtering effect အနည်းဆုံး ၈၀ ရာခိုင်နှုန်းရှိ တစ်ခါသုံး FFP1 နှာခေါင်းစည်း ၊ ကာကွယ်နိုင်စွမ်း ပိုကောင်းသည့် filtering effect အနည်းဆုံး ၉၄ ရာခိုင်နှုန်းရှိ FFP2 နှာခေါင်းစည်း သို့မဟုတ် မြူမှုန်အစိုင်အခဲများကို ၉၀ ရာခိုင်နှုန်း ကာကွယ်နိုင်သည့် ပိတ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန် ပြင်သစ်အစိုးရက လက်ရှိတွင်သတ်မှတ်ထားကြောင်း သိရသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကိုယ်တိုင်ပြုလုပ်သည့် နှာခေါင်းစည်းသည် သတ်မှတ်စံချိန်သစ်အတွက် မပြည့်မီနိုင်ဟု ဆိုသည်။

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ စူပါမာကက်တစ်ခုတွင် FFP2 နှာခေါင်းစည်းတပ်ဆင်၍ ဈေးဝယ်နေသူများအား ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပိတ်စနှာခေါင်းစည်းများက ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကို တားဆီးနိုင်ရန် လုံလောက်မည်မဟုတ်ဟု ပြင်သစ်ကျန်းမာရေးအကြံပေးကောင်စီက ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ”လက်ရှိ ကျွန်တော်တို့မှာ ဗိုင်းရပ်စ်အသစ်ကို တိုက်ထုတ်ဖို့ လက်နက်အသစ်မရှိမှတော့ ရှိနေတဲ့လက်နက်ကို ပိုကောင်းအောင်ပြုပြင်ဖို့ နည်းလမ်းတစ်ခုပဲရှိတယ်”ဟု ကောင်စီအဖွဲ့ဝင် Camus က ဆိုပါသည်။

ဂျာမနီတွင် ဘတ်စ်ကား၊ အလုပ်နေရာနှင့် ဆေးဆိုင်များအတွင်း FFP1 သို့မဟုတ် FFP2နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန် ဂျာမနီအစိုးရက သတ်မှတ်ထားကြောင်း သိရသည်။ ၎င်းတို့အနက် ဘာဗေးရီးယားပြည်နယ်ကို ပို၍ တင်းကျပ်စွာဆောင်ရွက်လျက်ရှိရာ filtering effect အနည်းဆုံး ၉၅ ရာခိုင်နှုန်းရှိသည့် N95နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် သတ်မှတ်ထားသည်။

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ စူပါမာကက်တစ်ခုတွင် FFP2 နှာခေါင်းစည်းတပ်ဆင်၍ ဈေးဝယ်နေသူများအား ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်၊ တောင်အာဖရိက၊ ဘရာဇီးတို့တွင် တွေ့ရှိရသော ဗီဇပြောင်း ဗိုင်းရပ်စ် ပျံ့နှံ့လာခြင်းကြောင့် ပိုမိုတင်းကျပ်သည့် နှားခေါင်းစည်းတပ်ဆင်ရန် သတ်မှတ်ချက်များကို ကျင့်သုံးရခြင်းဖြစ်ကြောင်း၊ “လူထုအနေနဲ့ ဒီကိစ္စကို အလေးထားဖို့ တိုက်တွန်းပါတယ်။ ဒီလိုမှမဟုတ်ရင် ကပ်ရောဂါ တတိယလှိုင်းကို ကာကွယ်ရခက်ပါလိမ့်မယ်”ဟု ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဆိုသည်။

ဩစတြီးယားတွင် ပြီးခဲ့သည့် အပတ် တနင်္လာနေ့မှစ၍ ဘတ်စ်ကားနှင့် ဈေးဆိုင်ခန်းများတွင် FFP2နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် အမိန့်ထုတ်ပြန်ထားသည်။ဥရောပနိုင်ငံများ၏ နှာခေါင်းစည်းသတ်မှတ်ချက်အသစ်များအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဗီဇပြောင်းဗိုင်းရပ်စ်၏ ပြန့်ပွားပုံသည်တူညီမှုရှိခြင်းကြောင့် လက်ရှိ ပိတ်စနှာခေါင်းစည်းအသုံးပြုသည့် လမ်းညွှန်သတ်မှတ်ချက်များကို မပြောင်းလဲလိုသေးကြောင်း ဆိုသည်။

ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့ ဆေးဆိုင်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက FFP2 နှာခေါင်းစည်းများ လက်ကမ်းပေးနေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သာမာန်အားဖြင့် အသက်(၆၀) အောက်၊ ရောဂါအခံမရှိသူများအနေဖြင့် ပိတ်စနှာခေါင်းစည်းကို ဆက်လက်အသုံးပြုနိုင်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း၊ ကိုဗစ်လက္ခဏာရှိသူ၊ သံသယလူနာနှင့် ထိတွေ့ဖူးသူ၊ အသက်(၆၀)နှင့်အထက်ရှိသူ သို့မဟုတ် ရောဂါအခံရှိသူများမှသာ ဆေးရုံသုံး နှာခေါင်းစည်း သို့မဟုတ် ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်း(Surgical mask)တပ်ဆင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အကြုံပြုထားသည်။

ပိတ်စနှာခေါင်းစည်းသည် သုံးလွှာရှိရမည်ဖြစ်ရာ ထိုမှသာ ကာကွယ်ရန် လုံလောက်ကြောင်း WHO ကိုရိုနာဗိုင်းရပ်စ် နည်းပညာဆိုင်ရာ တာဝန်ခံ Dr. Maria Van Kerkhoveက ဆိုသည်။ အတွင်းတစ်လွှာသည် ရေစုပ်နိုင်သည့် ကော်တွန်ပိတ်သားမျိုး၊ အလယ်တစ်လွှာက လေစစ်စကာအဖြစ် polypropyleneနှင့်ပြုလုပ်သည် non-woven fabricမျိုး၊ အပြင်တစ်လွှာက ရေစိုခံနိုင်သည့် polyesterပိတ်သားမျိုး ဖြစ်ကြောင်း ဆိုသည်။
 

 ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့ ဆေးဆိုင်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက FFP2 နှာခေါင်းစည်းများ လက်ကမ်းပေးနေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် Stars and Stripes သတင်းဝဘ်ဆိုက်၏ ဇန်နဝါရီ ၂၃ ရက် သတင်းများအရ ပြီးခဲ့သည့် တနင်္လာနေ့မှစ၍ ဂျာမနီနိုင်ငံ ဒေသအသီးသီးတွင် ဆေးရုံသုံး အဆင့်ရှိ နှာခေါင်းစည်းတပ်ဆင်ကြရန် တောင်းဆိုထားကြောင်း၊ သို့သော် ပြည်နယ်အသီးသီးတွင် မည်သည့်နှာခေါင်းစည်းအမျိုးအစား တပ်ဆင်ရမည့် သတ်မှတ်ချက်များက မတူညီကြောင်း သိရသည်။

ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့ ဆေးဆိုင်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက ဈေးဝယ်သူအား FFP2နှာခေါင်းစည်းတပ်ဆင်ပုံ ပြသနေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သာမာန်အားဖြင့် ဈေးဝယ်စင်တာ၊ ဘတ်စ်ကား၊ ဆေးရုံ၊ ဘာသာရေးလှုပ်ရှားမှုပွဲ သို့မဟုတ် လူအသွားအလာများပြားသည့် အများသုံးနေရာများတွင် FFP2 သို့မဟုတ် FFP3၊ KN95 သို့မဟုတ် N95 နှာခေါင်းစည်းနှင့် ဆေးရုံခွဲစိတ်ခန်းသုံး နှာခေါင်းစည်း တပ်ဆင်၍ ရကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်မှစ၍ ဂျာမနီ၏ အကြီးဆုံးပြည်နယ်ဖြစ်သည့် ဘာဗေးရီးယားတွင် FFP2 ၊ KN95 သို့မဟုတ် N95နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် တောင်းဆိုထားပြီး ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း တပ်ဆင်ခွင့်မပြုကြောင်း သိရသည်။

FFP2 သို့မဟုတ် FFP3 နှာခေါင်းစည်းသည် ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ဆိုသည်။ ဂျာမနီ ဖက်ဒရယ် ဆေးဝါးနှင့်ဆေးပစ္စည်းသုတေသနဌာနက အဆိုပါနှာခေါင်းစည်းများသည် တပ်ဆင်သူနှင့် အနီးမှာရှိသူများကို ပါးစပ်နှာခေါင်းမှထွက်လာသည့် အမြူအမှုန်လေးများနှင့် အလွန်သေးငယ်သည့်အမြူအမှုန်လေးများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ကြောင်း၊ KN95 သို့မဟုတ် N95က လည်း အလားတူ ကာကွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ Baden-Württembergပြည်နယ်က အများသုံးနေရာ အားလုံးတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတပ်ဆင်ခွင့်ပြုထားသော်လည်း ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဂေဟာများတွင် FFP2၊ KN95 သို့မဟုတ် N95 အသုံးပြုရန် တောင်းဆိုထားကြောင်း သိရသည်။(Xinhua)

——————————————
(Chinese Version)

欧洲多国颁布更严“口罩令”

  新华社北京1月25日新媒体专电 据新加坡《联合早报》1月24日报道,欧洲多国相继强制人们舍弃布制口罩,改戴手术口罩,希望在冬天染病人数激增之际,减缓新冠变异病毒的传播速度。

  法国政府目前规定人们外出时,须戴上一次性的FFP1(过滤效果至少80%)口罩、保护性更强的FFP2(过滤效果至少94%)口罩或可阻挡90%颗粒物的布口罩。换言之,自制口罩达不到新标准。

  法国卫生咨询理事会上周一指出,布口罩可能不足以阻挡变异病毒。成员卡姆斯说:“既然我们没有新武器对付新毒株,我们唯一能做的是改良我们已有的武器。”

  德国政府上周二强制人们在公共交通、工作场所和商店内,须戴上FFP1或FFP2口罩。其中巴伐利亚州更为严格,规定人民须戴过滤效果达95%的N95口罩。

  德国总理默克尔对媒体说,实施更严格的口罩规定是因为英国、南非、巴西发现的变异病毒呈扩散之势。“我促请人民认真看待此事,否则将难以预防第三波疫情。”

  奥地利则下令从上周一起,在公共交通和商店必须戴FFP2口罩。
  针对欧洲多国的口罩新规定,世界卫生组织表示暂时无意更改使用布口罩的指导原则,因为变异病毒的传播方式是一样的。
  世卫建议,一般60岁以下、没有潜在健康问题的民众依然可以使用布口罩来防病毒,只有医疗人员、出现新冠症状、接触过疑似新冠患者、60岁及以上或有基础疾病的人应戴上医用或手术口罩。

  世卫组织新冠病毒技术负责人范克尔克霍夫说,布制口罩须有三层布,才能提供足够的保护作用。内层须能吸水,例如以棉花制成;中层应采用聚丙烯无纺布,充当过滤网;外层则应采用防水材料,例如聚酯纤维。

  另据美国《星条旗报》网站1月23日报道,从上周一开始,德国各地都要求佩戴医用级口罩,但各州对于戴何种口罩有不同的规定。
  一般而言,可以在购物、乘坐公共交通工具、就医、参加宗教活动或人流大的公共场所佩戴FFP2或FFP3口罩、KN95或N95口罩以及医用外科口罩。
  自1月18日以来,德国最大的州——巴伐利亚州一直强制要求佩戴FFP2口罩、KN95或N95口罩,但不允许佩戴医用外科口罩。
  据称,FFP2或FFP3口罩能有效隔离新冠病毒。德国联邦药品与医疗器械研究所称,它们保护佩戴者及附近的人免受口腔和鼻腔喷出的较大颗粒物(即飞沫)及较小颗粒物(即气溶胶)的伤害。KN95或N95口罩可以提供同样的保护。

巴登-符滕堡州在大多数公共场所都允许佩戴医用外科口罩,但要求在医院或疗养院使用FFP2口罩、KN95或N95口罩。

图说(1):1月25日,在奥地利维也纳,超市工作人员为顾客发放FFP2口罩。 新华社发(乔治斯•施耐德摄)
图说(2,3):1月25日,在奥地利维也纳,顾客佩戴FFP2口罩在超市内购物。新华社发(乔治斯•施耐德摄)
图说(4):1月22日,在德国多特蒙德的一家药店,工作人员将FFP2口罩递给顾客。新华社/欧新
图说(5): 1月22日,在德国多特蒙德一家药店,工作人员向顾客介绍FFP2口罩的佩戴方法。 新华社/欧新

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.