Connect with us

CHINA

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့နှင့် ခရိုင်မြို့နယ်ဒေသအသီးသီးအား အဆင့်လိုက်ခွဲ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် တစ်မြို့လုံးလွှမ်းခြုံ၍ တတိယအကြိမ်မြောက် ကိုဗစ်ရောဂါ Nucleic acidဆေးစစ်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရှီကျားကျွမ်းမြို့နှင့် ခရိုင်မြို့နယ်ဒေသအသီးသီးကို ဇန်နဝါရီ ၂၃ ရက်မှစ၍ အဆင့်ခွဲ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ကျော်သွားလာလှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျားကျွမ်းမြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေသအသီးသီး ဌာနအသီးသီး အတူတကွကြိုးပမ်းဆောင်ရွက်မှုကြောင့် လက်ရှိ တရုတ်တစ်နိုင်ငံလုံး၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုများသည် ယေဘုယျအားဖြင့် ပုံမှန်ရှိကြောင်းနှင့် ကပ်ရောဂါအဓိကဖြစ်ပွားသည့် ဒေသရှိ ပြည်သူများ၏အထောက်အပံ့ပစ္စည်း သယ်ယူပို့ဆောင်မှုမှာလည်း အခြေခံအားဖြင့် အဆင်ပြေချောမွေ့မှုရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် တစ်မြို့လုံးလွှမ်းခြုံ၍ တတိယအကြိမ်မြောက် ကိုဗစ်ရောဂါ Nucleic acidဆေးစစ်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောဂါပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် ကပ်ရောဂါထိန်းချုပ်နည်းလမ်းများကို ဆက်လက်တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်သွားလာမှုများကို လက်ရှိနည်းလမ်းများအတိုင်းစီမံသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကျော်လွန်သွားလာသူများအား တင်းကျပ်စွာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ရှီကျားကျွမ်းမြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှင်ထိုင်တွင် ရောဂါကာကွယ်ရေးဝတ်စုံ PPEများကို ထုတ်လုပ်နေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် လူထု၏နေထိုင်မှုဘဝ အာမခံနိုင်စေရန် ကောင်ချန်းခရိုင်ဒေသတွင် ထောက်ပို့ဝန်ဆောင်မှု hotline ဖုန်း (၅)လုံး ၊ အရေးပေါ် ထောက်ပို့ဝန်ဆောင်မှုလုပ်ငန်း(၂၇)ခု၊ ပါဆယ်ပို့ဆောင်ရေးပလက်ဖောင်းမှတစ်ဆင့် ဝီချက်အဖွဲ့လိုက်ပစ္စည်းဝယ်ယူရန်အတွက် group (၁,၁၉၇)ခု၊ အဖွဲ့ဝင်(၁)သောင်းနီးပါးပါဝင်သည့် စေတနာ့ဝန်ထမ်းအဖွဲ့ကို ဖွဲ့စည်းထားရာ “အွန်လိုင်းတွင် လျှောက်ထားခြင်း+ ဝီချက်အဖွဲ့လိုက်ပစ္စည်းဝယ်ယူခြင်း+စူပါမာကက်မှ ပစ္စည်းပို့ဆောင်ပေးခြင်း+ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုပေးခြင်း”စသည့် ထောက်ပို့ရေးနည်းလမ်းများကို ကျင့်သုံးဆောင်ရွက်နေကြောင်း ရှီကျားကျွမ်းမြို့ ကောင်ချန်းခရိုင်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယာယီခရိုင်မှူး ဝမ်ကျင်ဆန်းက ဆိုသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှင်ထိုင်တွင် ရောဂါကာကွယ်ရေးဝတ်စုံ PPEများကို ထုတ်လုပ်နေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲပေပြည်နယ်စသည့် ဒေသများတွင် ရောဂါဖြစ်ပွားခြင်းကြောင့် အချို့နေရာများတွင် ဟဲပေမှယာဉ်များကို ပြန်လည်စေလွှတ်ခြင်း၊ ရောဂါစစ်ဆေးရေးဂိတ်များတွင် ပိတ်မိနေခြင်းနှင့် ကုန်ပစ္စည်းများ ပေကျင်းသို့ ဝင်ရောက်ရန် မလွယ်ကူမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒေသဌာနအသီးသီး အတူအကွကြိုးပမ်းဆောင်ရွက်ခဲ့ရာ လက်ရှိတွင် တစ်နိုင်ငံလုံး၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု ကွန်ရက်တစ်ခုလုံး ယေဘုယျအားဖြင့် ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ ပေကျင်း၊ ဟဲပေ၊ ကျီလင်၊ ဟေးလုံကျန်းစသည့် ရောဂါဖြစ်ပွားရာ အဓိကနေရာများရှိ ပြည်သူများ၏ ထောက်ပံ့ရေး ကုန်ပစ္စည်းပံ့ပိုးမှုသည်လည်း အခြေခံအားဖြင့် အဆင်ပြေချောမွေ့သွားပြီဖြစ်ကြောင်း၊ ဒေသအသီးသီးတွင် အသားငါး၊ကြက်ဥ၊ နွားနို့၊ ဟင်းသီးဟင်းရွက်စသည့် မရှိမဖြစ် စားသောက်ကုန်ပစ္စည်းများ၏ ပံ့ပိုးမှုသည် အာမခံချက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် မြို့နေပြည်သူများအား ပို့ဆောင်မည့် ပါဆယ်ထုတ်များအား ပိုးသတ်နေသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၂၃ ရက် ၀၀:၀၀ နာရီမှ ၁၀:၀၀ နာရီအထိ ဟဲပေပြည်နယ်တွင် အသစ်ထပ်တိုးသည့် ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၂)ဦးရှိရာ ၎င်းတို့အားလုံးသည် ရှီကျားကျွမ်းမြို့မှဖြစ်ကြောင်းနှင့် လက္ခဏာမပြရောဂါကူးစက်သူ ထပ်တိုးမှုမရှိကြောင်း ယင်းနေ့တွင် ကျင်းပသည့် ဟဲပေပြည်နယ် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲတွင် ယင်းပြည်နယ် ဒုတိယပြည်နယ်မှူး ရွှီကျန့်ဖေက ဆိုသည်။ ဇန်နဝါရီ ၂ ရက်မှ ဇန်နဝါရီ ၂၃ ရက် ၁၀ နာရီအထိ ဟဲပေပြည်နယ်တွင် ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၈၉၁)ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် မြို့နေပြည်သူများအား ပို့ဆောင်မည့် ပါဆယ်ထုတ်များအား ပိုးသတ်နေသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၂၃ ရက်က ဟေးလုံကျန်းပြည်နယ် ဆွေ့ဟွာ့မြို့ အမှတ် (၁)ဆေးရုံတွင် လက်ခံကုသထားသည့် ကိုဗစ်အတည်ပြုလူနာ (၆)ဦးနှင့် လက္ခဏာမပြရောဂါကူးစက်သူ (၁)ဦးသည် ဆေးရုံဆင်းသွားပြီဖြစ်ရာ ၎င်းမှာ ဇန်နဝါရီ ၁၀ ရက် ဆွေ့ဟွာမြို့ ဝမ့်ခွေခရိုင် လက္ခဏာမပြရောဂါကူးစက်သူရှိကြောင်း အစီရင်ခံပြီးနောက် ဆေးရုံမှဆင်းနိုင်သည့် ပထမအသုတ်လူနာများဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင် ကျင်းပသော ပေကျင်းမြို့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်း သတင်းစာရှင်းလင်းပွဲ၌ ပေကျင်းမြို့ ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး လီအန်က အချို့ဆေးကုသမှုဌာနများသည် ကူးစက်မှုအန္တရာယ်အလယ်အလတ်နှင့်မြင့်မားသည့်နေရာများမှလာသော လူနာများကို လက်ခံကြည့်ရှုပေးခြင်းမရှိမှုနှင့်စပ်လျဉ်း မြို့ကျန်းမာရေးကော်မရှင်က ချက်ချင်းပြင်ဆင်ဆောင်ရွက်ပေးရန်နှင့် ထိုဖြစ်ရပ်မျိုး လုံးဝထပ်မံဖြစ်ပွားမှုမရှိစေရန် တောင်းဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်တွင် ကျီလင်ပြည်နယ် ထုံးဟွာ့မြို့ စည်းကမ်းတင်းကျပ်ရေးနှင့်စောင့်ကြည့်ရေးကော်မတီက ကပ်ရောဂါထိန်းချုပ်မှုလုပ်ငန်းတွင် တာဝန်ပျက်ကွက်သူ ပါတီဝင် (၁၄)ဦးအပေါ် မေးမြန်းစစ်ဆေးမှုအခြေအနေများအား အစီရင်ခံပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

——————————————————–
(Chinese Version)

(聚焦疫情防控)石家庄市和各县(市、区)实施分区分级管控 疫情重点地区民生物资运输基本畅通

新华社北京1月23日电 石家庄市疫情防控指挥部23日发布通告,即日起对石家庄市和各县(市、区)分区分级管控,严格控制人员跨市域流动。经各地各部门共同努力,目前全国货运网络运行总体正常,疫情重点地区民生物资运输基本畅通。
石家庄市疫情防控指挥部通告明确,继续实行严格管控,车辆按现行办法管理,严格控制人员跨市域流动,有效防止疫情扩散。
  为保障严格管控期间的群众生活,石家庄市藁城区委副书记、代区长王锦山介绍,藁城区共设置5部保供服务热线电话,选定27家应急保供企业,依托外卖平台,建立1197个微信团购群,成立近万人的志愿者队伍,实行“线上申报+微信团购+超市配送+志愿服务”的保供模式。
  近期河北等地疫情发生后,一些地方出现对河北籍车辆劝返、防疫检查站严重拥堵、货运车辆进京不便等问题。国家发展改革委23日称,经各地各部门共同努力,目前全国货运网络运行总体正常,北京、河北、吉林、黑龙江等疫情重点地区民生物资运输基本畅通,各地粮油肉蛋奶果蔬等生活必需品运输供应有保障。
  在23日举行的河北省新冠肺炎疫情防控工作新闻发布会上,河北省副省长徐建培介绍,1月23日0时至10时,河北省新增新冠肺炎本土确诊病例2例,均在石家庄市;无新增无症状感染者。1月2日至1月23日10时,河北省累计报告新冠肺炎本土确诊病例891例。
  23日,黑龙江绥化市第一医院收治的6名新冠肺炎确诊病例和1名无症状感染者出院,这是1月10日绥化市望奎县报告首例无症状感染者以来第一批出院患者。
 在当日举行的北京市新型冠状病毒肺炎疫情防控工作新闻发布会上,北京市卫生健康委员会副主任李昂表示,针对部分医疗机构拒诊来自中高风险地区患者的现象,市卫建委要求相关医疗机构立行立改,杜绝拒诊问题再次发生。
当日,吉林省通化市纪委监委对在疫情防控工作中失管失察、履职不力的14名党员干部追责问责情况进行了通报。(完)

图说(1-2):石家庄开展全市第三轮全员核酸检测
1月20日,在石家庄市新华区锦绣乾城社区,医护人员在为一名儿童进行核酸采样。
图说(3-4):河北邢台:隔离服生产忙
1月22日,工人在河北超越服装有限公司车间生产隔离服。
图说(5-6):石家庄:快递消杀作业保障安全
1月23日,菜鸟网络石家庄公共分拨中心工作人员在对快递包裹进行消杀。