Connect with us

CHINA

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်အတည်ပြုလူနာ (၈၂) ဦးရှိ၊ ၎င်းတို့အနက် (၆၉) ဦး မှာ ပြည်တွင်းကူးစက်မှုများ ဖြစ်

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်တွင် ဒုတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ် Nucleic acid ဆေးစစ်မှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၂၅ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၈၂ ဦး ရှိရာ ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၃ ဦး (ရှန်ဟိုင်း ၈ ဦး၊ ကွမ်တုန်း ၂ ဦး၊ ဖူကျန့် ၁ ဦး၊ ဟူနန် ၁ ဦး၊ ဆန်ရှီး ၁ ဦး) ၊ ပြည်တွင်းကူးစက်မှု ၆၉ ဦး(ဟေးလုံကျန်း ၅၃ ဦး၊ ကျီလင် ၇ ဦး ၊ ဟဲပေ ၅ ဦး၊ ပေကျင်း ၂ ဦး၊ ရှန်ဟိုင်း ၂ ဦး) ရှိပြီး ထပ်တိုး သေဆုံးသူ ၁ ဦး(ကျီလင်မြို့မှ ပြည်တွင်းကူးစက်မှုဖြစ်) နှင့် သံသယလူနာ ၃ ဦး(ရှန်ဟိုင်းမြို့ရှိ ပြည်ပကူးစက်မှုများဖြစ်) ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၆ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင် ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၄၆ ဦး ၊ ဖြေလျှော့လိုက်သည့် အနီးကပ် ကျန်းမာရေးစောင့်ကြည့်မှုခံယူသူ ၁,၃၅၁ ဦး ၊ရောဂါပြင်းထန်သူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၁ ဦး ထပ်တိုးကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်တွင် ဒုတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ် Nucleic acid ဆေးစစ်မှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ပြည်ပကူးစက်မှု အတည်ပြုလူနာ ၂၉၂ ဦး(ရောဂါ ပြင်းထန်သူ ၃ ဦး ပါဝင်)၊ သံသယလူနာ ၄ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄,၆၂၄ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၄,၃၃၂ ဦး နှင့် သေဆုံးလူနာ မရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်တွင် ဒုတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ် Nucleic acid ဆေးစစ်မှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၂၅ ရက် ၂၄ နာရီအချိန်အထိ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၁,၈၈၅ ဦး(ရောဂါပြင်းထန်လူနာ ၁၁၀ ဦး ပါဝင်)၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၈၂,၆၇၆ ဦး၊ စုစုပေါင်း သေဆုံးလူနာ ၄,၆၃၆ ဦး ၊ စုစုပေါင်း အတည်ပြုလူနာ ၈၉,၁၉၇ ဦး ၊ လက်ရှိ သံသယလူနာ ၄ ဦးရှိကြောင်း သိရသည်။ ရောဂါကူးစက်သူနှင့်အနီးကပ်ထိတွေ့ သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၉၅၇,၉၈၄ ဦးရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၃၈,၄၄၃ ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်တွင် ဒုတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ် Nucleic acid ဆေးစစ်မှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသစ်ထပ်တိုး လက္ခဏာမပြ ရောဂါ ကူးစက်သူ ၅၇ ဦး(ပြည်ပကူးစက်မှု ၁၆ ဦးပါဝင်)ရှိပြီး ၎င်းတို့အနက် ၃၅ ဦး(ပြည်ပကူးစက်မှု ၁ ဦးပါဝင်)မှာ ဇန်နဝါရီ ၂၅ ရက်တွင် အတည်ပြုလူနာဖြစ်ခဲ့ကြောင်း၊ လက်ရှိ ကျန်းမာရေးစောင့်ကြည်မှုမှ ဖြေလျှော့လိုက်သူ ၂၅ ဦး(ပြည်ပကူးစက်မှု ၉ ဦးပါဝင်) ၊ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသည့် လက္ခဏာမပြရောဂါကူးစက်သူ ၉၅၆ ဦး ရှိရာ ယင်းတို့အနက် ၂၈၃ ဦးမှာ ပြည်ပမှဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် Nucleic acid ဆေးစစ်နေရာ (၃၂၄)ခု ထားရှိ၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် Nucleic acid ဆေးစစ်နေရာ (၃၂၄)ခု ထားရှိ၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၁၁,၀၉၄ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၁၀,၁၅၈ ဦး (ဆေးရုံဆင်းလူနာ ၉,၀၅၆ ဦး၊ သေဆုံးသူ ၁၇၁ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၇ ဦး(ဆေးရုံဆင်းလူနာ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၈၈၉ ဦး (ဆေးရုံဆင်းလူနာ ၇၈၇ ဦး၊ သေဆုံးသူ ၇ ဦး )ဖြစ်ကြောင်း သိရသည်။(Xinhua) 
#China, #COVID-19, #Xinhua, #တရုတ်, #ကိုဗစ်-၁၉, #ဆင်ဟွာ
————————————————–
(Chinese Version)

(聚焦疫情防控)国家卫健委:25日新增新冠肺炎确诊病例82例 其中本土病例69例

  新华社北京1月26日电 国家卫生健康委员会26日通报,1月25日0-24时,31个省(自治区、直辖市)和新疆生产建设兵团报告新增新冠肺炎确诊病例82例,其中境外输入病例13例(上海8例,广东2例,福建1例,湖南1例,陕西1例),本土病例69例(黑龙江53例,吉林7例,河北5例,北京2例,上海2例);新增死亡病例1例,为本土病例,在吉林;新增疑似病例3例,均为境外输入病例(均在上海)。
 当日新增治愈出院病例46例,解除医学观察的密切接触者1351人,重症病例较前一日增加1例。
境外输入现有确诊病例292例(其中重症病例3例),现有疑似病例4例。累计确诊病例4624例,累计治愈出院病例4332例,无死亡病例。
  截至1月25日24时,据31个省(自治区、直辖市)和新疆生产建设兵团报告,现有确诊病例1885例(其中重症病例110例),累计治愈出院病例82676例,累计死亡病例4636例,累计报告确诊病例89197例,现有疑似病例4例。累计追踪到密切接触者957984人,尚在医学观察的密切接触者38443人。
 31个省(自治区、直辖市)和新疆生产建设兵团报告新增无症状感染者57例(境外输入16例);当日转为确诊病例35例(境外输入1例);当日解除医学观察25例(境外输入9例);尚在医学观察无症状感染者956例(境外输入283例)。
 累计收到港澳台地区通报确诊病例11094例。其中,香港特别行政区10158例(出院9056例,死亡171例),澳门特别行政区47例(出院46例),台湾地区889例(出院787例,死亡7例)。(完)
图说(1-3):新华社照片,北京,2021年1月26日, 北京大兴启动第二轮大规模核酸检测新华社记者 鞠焕宗 摄
图说(5-6):新华社照片,深圳,2021年1月26日, 深圳设置324个核酸采样点
1月26日,在深圳南山区的华中科技大学协和深圳医院(南山医院)的核酸采样点,人们排队等候核酸检测。