Connect with us

CHINA

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အဓိကလူအုပ်စုများ၏ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၂၂ ရက် စတင်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့ တုန်းချန်တွင် COVID-19ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း တစ်စုတစ်စည်းတည်း စီမံမှုများအရ ပေကျင်းမြို့ရှိ အဓိက လူအုပ်စုများ၏ ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်မတိုင်မီ အလုံးစုံပြီးမြောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်တွင် ပေကျင်းမြို့သည် အဓိကလူအုပ်စုများ၏ ပထမ ကာကွယ်ဆေး ထိုးနှံမှုများ ပြီးစီးခဲ့ရာ လူပေါင်း (၁.၉)သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ကာကွယ်ဆေးထိုးနှံမှု တောင်းဆိုချက်၊ ဖွဲ့စည်းဆောင်ရွက်မှု နည်းလမ်း၊ ကာကွယ်ဆေးအမျိုးအစား မပြောင်းလဲသည့် မူအတိုင်း ဒုတိယမြောက် ကာကွယ်ဆေးထိုးနှံမှုများကို ပထမကာကွယ်ဆေးထိုးနှံမှုများအတိုင်း ချိတ်ဆက်မိစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ တုန်းချန်တွင် COVID-19ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ အသုံးပြုနေသည့် COVID-19ကာကွယ်ဆေးသည် Inactivated vaccineဖြစ်ရာ ထိရောက်မှုအကောင်းဆုံးဖြစ်စေရန် နှစ်ကြိမ် ခွဲထိုးရမည်ဖြစ်ပြီး (၂၁)ရက်မှ (၂၈)ရက်အတွင်း ဒုတိယမြောက် ကာကွယ်ဆေးကို ထိုးနှံနိုင်သလို (၁၄)ရက်မှ (၂၈)ရက်အတွင်း ထိုးနှံလျှင်လည်း ရကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ တုန်းချန်တွင် COVID-19ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ တုန်းချန်တွင် COVID-19ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ တုန်းချန်တွင် COVID-19ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် မြို့နေပြည်သူများအနေဖြင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်မကြာခဏဆေးရန်၊ လေဝင်လေထွက်ကောင်းအောင် ထားရှိရန် ဆက်လက်လိုအပ်ကြောင်း၊ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးကို ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ကပ်ရောဂါပုံမှန်ထိန်းချုပ်မှုဆိုင်ရာ သတ်မှတ်ချက်အသီးသီးကို လိုက်နာရန်လည်း ပညာရှင်များ ညွှန်ကြားထားသည်။ (Xinhua)
————————————————
(Chinese Version)

(聚焦疫情防控)北京22日启动重点人群新冠疫苗第二剂接种

  新华社北京1月21日电(记者侠克)记者21日从北京市获悉,按照新冠疫苗接种工作统一安排,北京市重点人群第二剂疫苗接种起始日为1月22日,计划在2月8日前完成。
据了解,截至2021年1月19日,北京市已完成重点人群第一剂疫苗接种,累计接种人数超过190万。
  有关负责人表示,北京市将按照“接种要求不变、组织渠道不变、疫苗品种不变”的“三不变”原则,做好第二剂接种动员组织工作,确保第一剂和第二剂有序衔接。
据悉,目前使用的新冠疫苗是全病毒灭活疫苗,推荐的免疫程序为2针,为使受种人群达到最佳免疫效果,第二剂疫苗接种时间间隔为21到28天,也可在14天至28天内完成。
专家提示,接种新冠疫苗后,市民仍需坚持戴口罩、勤洗手、常通风,做好个人防护,遵守疫情常态化防控的各项要求。(完)

新华社照片,北京,2021年1月14日
北京东城:持续推进新冠疫苗有序接种