ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကနေဖြင့် COVID-19 ဗိုင်းရပ်စ်၏ မူလရင်းမြစ်နှင့်စပ်လျဉ်း၍ အခြေအမြစ်မရှိသော ပြစ်တင်ဝေဖန်မှုအပေါ် အခြေခံထားသည့် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုအမည်ခံ လုပ်ဆောင်ချက်များအပေါ် အခိုင်အမာကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လဲ့ယွီချိန်က ပြောကြားခဲ့ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သော...
ပေကျင်း၊ ဧပြီ ၂၉ ရက် COVID-19 ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာ BRICSအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပေကျင်းမှနေ၍ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံ (WIV) ရှိ တရုတ်နိုင်ငံ၏ အမျိုးသား ဇီဝလုံခြုံရေးဓာတ်ခွဲခန်းမှ ဖြစ်ပေါ်လာသည်ဟူသော ပြောဆိုမှုများသည် အခြေအမြစ်မရှိသလို သက်သေများအားလုံးကလည်း မမှန်မကန်ပြောဆိုခြင်းသာဖြစ်ကြောင်း ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ယွမ်ကျစ်မင်းက ရိုက်တာသတင်းဌာန၏ မေးမြန်းမှုအပေါ် စာဖြင့် အကြောင်းပြန်ရေးသားဖော်ပြခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်ဝှမ်း ပြည်နယ်များ နှင့် ဒေသများ အများအပြားရှိ စာသင်ကျောင်းများပြန် လည်ဖွင့်လှစ်ခြင်းနှင်အတူ တက္ကသိုလ်ဝင်တန်းအကြို အထက်တန်းကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အက်ကွီတိုးရီးယဲလ်ဂီနီနိုင်ငံ(Equatorial Guinea) သံအမတ်ကြီး German Ekua Sima Abaga က COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ထောက်ခံကြောင်း ပြောကြားလိုက်သည်။
ဆန်ဖရန်စစ္စကို ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အမေရိကန် နိုင်ငံသို့ ပို့ဆောင်မည့် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း(PPE)များ သယ်ဆောင်ရန် Boeing Dreamlifter လေယာဉ်တစ်စင်းကိုအသုံးပြု ဆောင်ရွက်ခဲ့ကြောင်း ဘိုးရင်းကုမ္ပဏီက ဧပြီ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်သည် ဧပြီ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုလံဘို ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ဧပြီ ၂၄ ရက် ၌ ကိုလံဘို မြို့ တွင် သီရိလင်္ကာ နိုင်ငံ ရေတပ် အား ကပ်ရောဂါ ကာကွယ်ရေး...
ပေကျင်း ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ၏ အမေရိကန် နိုင်ငံ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တာဝန်ခံ အားပြောင်းလဲပေးရန် တောင်းဆိုနိုင်ဖွယ်ရှိကြောင်း နှင့် WHO အား ငွေကြေး ထောက်ပံ့မှု မပြုလုပ်တော့ရန် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍...
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး (Inactivated COVID-19 vaccine) သည် ဧပြီ ၂၄ ရက်တွင် လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်သူများက ပြောကြားခဲ့သည်။