Connect with us

CHINA

အခြေအမြစ်မရှိသော ပြစ်တင်မှုကိုအခြေခံ၍ အငြင်းပွားဖွယ် စုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လဲ့ယွီချိန်အား တွေ့ရစဉ် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လဲ့ယွီချိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကနေဖြင့် COVID-19 ဗိုင်းရပ်စ်၏ မူလရင်းမြစ်နှင့်စပ်လျဉ်း၍ အခြေအမြစ်မရှိသော ပြစ်တင်ဝေဖန်မှုအပေါ် အခြေခံထားသည့် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုအမည်ခံ လုပ်ဆောင်ချက်များအပေါ် အခိုင်အမာကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လဲ့ယွီချိန်က ပြောကြားခဲ့ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ ဖော်ပြထားသည်။

လဲ့သည် အမေရိကန်နိုင်ငံ National Broadcasting Corporation နှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့က ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပါပဲ။ ကျွန်တော်တို့က အတွေ့အကြုံတေွ ပြန်လည်ဆန်းစစ်တာ၊ သုံးသပ်တာတွေ အပါအဝင် သိပ္ပံပညာရှင်တေွအကြား ပညာရှင်ဆန်စွာ အပြန်အလှန်ဖလှယ်မှုတွေကို ထောက်ပံ့ပေးလျက်ရှိပါတယ်” ဟု လဲ့က ဆိုသည်။

“သို့သော် ကျွန်တော်တို့ ကန့်ကွက်တယ်ဆိုတာက တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကိုပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံကို ဦးစွာ စွပ်စွဲခြင်း မပြုလုပ်သင့်ကြောင်း နှင့် ဖန်တီးယူထားသော သက်သေများဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများအမည်ခံ မပြုလုပ်သင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117