ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယနေ့ COVID-19 အတည်ပြုလူနာသစ် ၅၅၅ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၀ဦးရှိကာ ၊ ယနေ့ ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး၏ အရေးကြီးမှုနှင့်အရေးတကြီးလိုအပ်မှုအသိကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ဘက်စုံ အရေးပေါ်အခြေအနေတွင် အသင့်ပြင်ကာ ဟဲပေ ကပ်ရောဂါ ထိန်ချုပ်ရေးလုပ်ငန်းများကို မောင်းတင်ဆောင်ရွက်ပြီး ရောဂါပြန့်ပွားမှုကို ဖြတ်တောက်ရန် အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေက ဇန်နဝါရီ ၈ ရက် ဟဲပေ...
နယူးယောက်၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၂၂ သန်း နှင့် သေဆုံးသူပေါင်း ၃၇၀, ၀၀၀ ကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဆေးဝန်ထမ်း (၂၀) ဦးပါဝင်သည့် မော်တော်ယာဉ်နှင့် ဆေးဝါးကုသရေးအထောက်အပံ့ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ကုန်တင်ယာဉ် နှစ်စီးသည် ဇန်နဝါရီ ၉ ရက် ညနေ ၂ နာရီ ၃၀ မိနစ်တွင် ပေကျင်း ထျန်းထန်ဆေးရုံမှ ဟဲပေပြည်နယ် နန်ကုန်းမြို့သို့ ထွက်ခွာခဲ့ကြောင်း...
ဟဲပေ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့၌ လူပေါင်း (၁၀.၂၅) သန်းကို ပထမအကြိမ် Nucleic acid စစ်ဆေးမှု ပြီးစီးခဲ့ရာတွင် positive လူနာ (၃၅၄) ဦး တွေ့ရှိခဲ့ရကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် ဟဲပေပြည်နယ်...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၅၆၆ ဦး ရှိပြီး ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ဦး ရှိရာ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၃,၅၅၀...
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ကမ္ဘာပေါ်တွင် E484K ခေါ် ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သစ်ဖြင့် ပထမဆုံး ရောဂါပြန်လည်ကူးစက်ခံရသူဖြစ်လာကြောင်း နိုင်ငံပိုင် Agencia Brasil သတင်းအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရေခဲဖုံးလွှမ်းနေသော လမ်းမပေါ်တွင် အခြားသူများအတွက် အစားအစာများနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို တင်ဆောင်ထားသည့် သုံးဘီးဆိုက်ကယ်တစ်စီးကို ဒယိမ်းဒယိုင်ဖြင့် တအိအိ တွန်းနေကြသော ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည့် လူအုပ်စု၏ ဓာတ်ပုံများက အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ပြီး...
လန်ဒန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဗြိတိန်နိုင်ငံအစိုးရ၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၈,၀၅၃ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း ထပ်မံကူးစက်ခံရမှုအများဆုံး စံချိန်သစ်ဖြစ်ခဲ့ကာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း...
ဘူခါရက်စ် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ရိုမေးနီးယားနိုင်ငံအတွင်း ပထမဦးဆုံး ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူ တွေ့ရှိခဲ့ရပြီး လက်ရှိချိန်တွင် ၎င်းအား နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်စေကာ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။