Connect with us

CHINA

ဟဲပေသို့ ကူညီအားဖြည့်ရန် ပေကျင်းမြို့မှ ပထမဆုံး Nucleic acid ဆေးစစ်အဖွဲ့ စေလွှတ်

ပေကျင်းမြို့မှ ဟဲပေသို့ ကူညီအားဖြည့်ပေးရန် စေလွှတ် ပထမဆုံး Nucleic acid ဆေးစစ်အဖွဲ့အား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဆေးဝန်ထမ်း (၂၀) ဦးပါဝင်သည့် မော်တော်ယာဉ်နှင့် ဆေးဝါးကုသရေးအထောက်အပံ့ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ကုန်တင်ယာဉ် နှစ်စီးသည် ဇန်နဝါရီ ၉ ရက် ညနေ ၂ နာရီ ၃၀ မိနစ်တွင် ပေကျင်း ထျန်းထန်ဆေးရုံမှ ဟဲပေပြည်နယ် နန်ကုန်းမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။ ၎င်းမှာ ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၊ ပေကျင်းမြို့ ဆေးရုံအာဏာပိုင်အဖွဲ့က ရွေးချယ်စေလွှတ်ပြီး ပေကျင်း ထျန်းထန်ဆေးရုံ၏ ဆေးဝန်ထမ်း(၂၀)ဦးဖြင့် ဖွဲ့စည်းထားသော ပထမဆုံး ဟဲပေသို့ ကူညီအားဖြည့်ပေးရန် သွားရောက်သည့် Nucleic acid ဆေးစစ်အဖွဲ့ဖြစ်ကြောင်း သိရသည်။

ဆေးအဖွဲ့က စမ်းသပ်ကိရိယာနှင့်စက်ပစ္စည်း(၅)စုံ၊ nucleic acid ထောက်လှမ်းဓါတ်ကူပစ္စည်း(၅)သောင်းနှင့် ရက်(၃၀)အတွက် အသုံးပြုမည့် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ယူဆောင်သွားကြောင်း ပေကျင်း ထျန်းထန်ဆေးရုံ ဆေးရုံအုပ်ဆရာဝန်ကြီး ဝမ်ရုံကျွင်းက ဆိုသည်။ ယင်းအဖွဲ့တွင် လိုက်ပါသွားကြသူများသည် ရောဂါရှာဖွေစစ်ဆေးရေး၊ ရောဂါဗေဒ၊ အာရုံကြောဆိုင်ရာ ရောဂါ လက်တွေ့ကုသမှု သုတေသန ဌာနများမှ ဖြစ်ကြောင်း သိရသည်။

ပေကျင်းမြို့မှ ဟဲပေသို့ ကူညီအားဖြည့်ပေးရန် စေလွှတ် ပထမဆုံး Nucleic acid ဆေးစစ်အဖွဲ့အား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းမြို့မှ ဟဲပေသို့ ကူညီအားဖြည့်ပေးရန် စေလွှတ် ပထမဆုံး Nucleic acid ဆေးစစ်အဖွဲ့အား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 ပေကျင်း ထျန်းထန်ဆေးရုံကြီးတွင် ဟဲပေသို့ ကူညီအားဖြည့်ရန် သွားရောက်မည့် ဆေးအဖွဲ့အား နှုတ်ဆက်နေသည်ကို ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲပေသို့ သွားရောက်မည့် ပေကျင်းဆေးအဖွဲ့နှင့်အတူ သယ်ဆောင်သွားမည် ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ထျန်းထန်ဆေးရုံတွင်  ဟဲပေသို့ သယ်ဆောင်သွားမည့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အထောက်အပံ့များအား ဝန်ထမ်းအလုပ်သမားများက သယ်ဆောင်နေသည်ကို ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကုန်းမြို့ကိုရောက်လျှင် ဒေသနှင့်အမြန်ဆုံးချိတ်ဆက်၍ ဓါတ်ခွဲခန်းတည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ရာ စံညွှန်းအသီးသီး ကိုက်ညီသည့်အခါ nucleic acid ဆေးစစ်မှုများကို အမြန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆေးအဖွဲ့၏ ယာယီပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ခေါင်းဆောင် ကျန်းကော်ကျွင်းက ဆိုသည်။ (Xinhua)

—————————————-
(Chinese Version)

(聚焦疫情防控)北京派出首支核酸检测医疗队驰援河北

新华社北京1月9日电(记者侠克)1月9日下午2时30分许,一辆载着20名医务人员的大巴车和两辆装满医疗物资的货车驶出北京天坛医院,“出征”河北省南宫市。这是北京市卫生健康委、北京市医院管理中心选派的由北京天坛医院20名医务工作者组成的首支援冀核酸检测医疗队。
  北京天坛医院院长王拥军介绍,医疗队携带了5套检测设备和仪器,5万份核酸检测试剂和30天使用防护物资。队员分别来自检验科、病理科、国家神经系统疾病临床医学研究中心等部门。
医疗队临时党支部书记、队长张国军说,到达南宫市后将尽快与当地进行对接,并立即开展实验室建设,在确保各项要求达标后将迅速展开核酸检测工作。(完)

图说(1-3):新华社照片,北京,2021年1月9日
北京派出首支核酸检测医疗队驰援河北
这是1月9日拍摄的首都医科大学附属北京天坛医院援冀核酸检测医疗队。
当日,首都医科大学附属北京天坛医院援冀核酸检测医疗队驰援河北省南宫市。医疗队由20名队员组成,携带5套检测设备和仪器,5万份核酸检测试剂和30天使用防护物资。队员分别来自检验科、病理科、国家神经系统疾病临床医学研究中心等部门。
新华社记者 陈钟昊 摄
图说 4: 1月9日,在首都医科大学附属北京天坛医院,送行者挥手告别援冀核酸检测医疗队。新华社记者 陈钟昊 摄
图说5:这是1月9日拍摄的首都医科大学附属北京天坛医院援冀核酸检测医疗队随队物资。新华社记者 陈钟昊 摄
图说6: 1月9日,在首都医科大学附属北京天坛医院,工作人员在搬运援冀核酸检测医疗队的物资。新华社记者 陈钟昊 摄