Connect with us

CHINA

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ရှိ လူပေါင်း ၁၀.၂၅ သန်းကို ပထမအကြိမ် Nucleic acid စစ်ဆေးမှုတွင် positive ဖြစ်သူ(၃၅၄)ဦးတွေ့ ရှိ

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ဟန့်တားရေးအတွက် စစ်ဆေးရေးဂိတ်များတွင် အဝင်အထွက်စစ်ဆေးမှုများ ပြုလုပ်နေသည့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲပေ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့၌ လူပေါင်း (၁၀.၂၅) သန်းကို ပထမအကြိမ် Nucleic acid စစ်ဆေးမှု ပြီးစီးခဲ့ရာတွင် positive လူနာ (၃၅၄) ဦး တွေ့ရှိခဲ့ရကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် ဟဲပေပြည်နယ် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ဟန့်တားရေးအတွက် စစ်ဆေးရေးဂိတ်များတွင် အဝင်အထွက်စစ်ဆေးမှုများ ပြုလုပ်နေသည့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ဟန့်တားရေးအတွက် စစ်ဆေးရေးဂိတ်များတွင် အဝင်အထွက်စစ်ဆေးမှုများ ပြုလုပ်နေသည့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ဟန့်တားရေးအတွက် စစ်ဆေးရေးဂိတ်များတွင် အဝင်အထွက်စစ်ဆေးမှုများ ပြုလုပ်နေသည့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် ဟဲပေ၏ လူစုလူဝေးလိုက် ကူးစက်ပျံ့နှံ့မှု မြန်ဆန်လျက်ရှိရာ ယင်းတို့အနက် (၈၅.၅)ရာခိုင်နှုန်းမှာ ကျေးရွာများမှဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူများ ပိုအဖြစ်များကြောင်း ၊ ပျမ်းမျှအသက် (၄၆.၅) နှစ်ဖြစ်ကြောင်း နှင့် ရပ်ရွာကူးစက်မှုနှင့် ဆင့်ပွားကူးစက်မှုအခြေအနေများရှိကြောင်း သိရသည်။ဟဲပေပြည်နယ်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ (၁)သိန်း (၄)သောင်း နီးပါးရှိပြီး အဓိကလူအုပ်စုများ၏ ကာကွယ်ဆေးထိုးနှံမှုကို အမြန်ဆုံး ပြီးစီးအောင် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————————-

(Chinese Version)

权威快报 | 河北石家庄市1025万人第一轮核酸检测阳性354例

河北省新冠肺炎疫情防控工作新闻发布会9日通报称,石家庄市1025万人核酸检测完成,其中阳性有354例。目前,河北的聚集性疫情发展较快,感染者85.5%来自农村,年龄总体偏大,中位年龄46.5岁,出现社区传播、多代传播。
河北已接种新冠疫苗近14万人,要加快进度,尽早完成对重点人群的接种。(记者:王琳琳、彭韵佳、曹国厂)

图说: 新华社照片,石家庄,2021年1月9日
石家庄民警:寒风中的坚守
1月9日,民警在检查站核查来往车辆人员。
为阻断疫情扩散蔓延,河北省石家庄市高新区公安分局组织民警24小时在藁城区通往石家庄城区的道路上对来往车辆人员进行核查。
新华社记者 金皓原 摄