Connect with us

CHINA

ကပ်ရောဂါ ပြန့်ပွါးမှုကို ဖြတ်တောက်ရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိဟု တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ပြောကြား 

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ရေးအတွက် အားဖြည့်ဆောင်ရွက်ရန် ပြင်ဆင်ထားသော မီးမျက်လုံး(Fire Eye)ဓါတ်ခွဲခန်းများအား ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး၏ အရေးကြီးမှုနှင့်အရေးတကြီးလိုအပ်မှုအသိကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ဘက်စုံ အရေးပေါ်အခြေအနေတွင် အသင့်ပြင်ကာ ဟဲပေ ကပ်ရောဂါ ထိန်ချုပ်ရေးလုပ်ငန်းများကို မောင်းတင်ဆောင်ရွက်ပြီး ရောဂါပြန့်ပွားမှုကို ဖြတ်တောက်ရန် အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေက ဇန်နဝါရီ ၈ ရက် ဟဲပေ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဗွီဒီယိုအစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားမှုအခြေအနေကို ထဲထဲဝင်ဝင် သိရှိရန်အတွက် မာရှောင်ဝေသည် ဇန်နဝါရီ ၅ ရက်က ဟဲပေသို့ သွားရောက်၍ ကပ်ရောဂါထိန်းချုပ်ရေးတွင် လမ်းပြညွှန်ကြားမှုများ ပြုလုပ်ခဲ့ပြီး ရှီကျားကျွမ်းမြို့ ရှောင်ကော်ကျွမ်းကျေးရွာ၊ ရှီကျားကျွမ်း ရောဂါထိန်းချုပ်ရေးဗဟိုနှင့် သတ်မှတ်ဆေးကုသရေး ဌာနများ၊ သီးခြားခွဲစောင့်ကြည့်သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး သက်ဆိုင်ရာဌာနများကို စုစည်းကာ အခြေအနေကို လေ့လာသုံးသပ် ဆုံးဖြတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ရေးအတွက် အားဖြည့်ဆောင်ရွက်ရန် ပြင်ဆင်ထားသော မီးမျက်လုံး(Fire Eye)ဓါတ်ခွဲခန်းများအား ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဓိက ရောဂါထိန်းချုပ်ရေးနည်းလမ်းများ လက်တွေ့အကောင်အထည်ရာတွင် စီမံပြီးသား နည်းလမ်းများကို လက်တွေ့ကျကျ အသေးစိတ်ဖော်ဆောင်သွားရမည်ကြောင်း၊ Nucleic acidဆေးစစ်မှုကို ဗဟိုပြု၍ ကြိုတင်ကာကွယ်ရေးနည်းများကို ကျယ်ပြန့်စွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ Nucleic acid၏တိုးတက်မှုနှင့်အရည်အသွေးကို အာမခံရမည်ဖြစ်ပြီး ကူးစက်ရောဂါစုံစမ်းစစ်ဆေးမှုများကို အခြေပြုသည့် ကူးစက်မှုဇစ်မြစ်ဖြစ်နိုင်ခြေများကို အမြန်ဆုံး သီးခြားခွဲထားခြင်း ၊ ဌာနစုံညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း ပြန့်ပွားမှုကွင်းဆက်လမ်းကြောင်းကို အမြန်ဆုံးရာဖွေရမည်ဖြစ်ကြောင်း မာရှောင်ဝေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ရေးအတွက် အားဖြည့်ဆောင်ရွက်ရန် ပြင်ဆင်ထားသော မီးမျက်လုံး(Fire Eye)ဓါတ်ခွဲခန်းများအား ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သီးခြားခွဲထားကျန်းမာရေးစောင့်ကြည့်မှုအခန်းများ လုံလောက်အောင် ပြင်ဆင်ရမည်ဖြစ်ပြီး တင်းကျပ်သည့်စံနှုန်းသတ်မှတ်ချက်နှင့်အညီ သီးခြားခွဲထားခြင်းဖြင့် quarantineကာလတွင် ရောဂါရောယှက်ကူးစက်နိုင်မှုကို ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆေးရုံတွင် ကူးစက်မှုလုံးဝမရှိစေရေး ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအား သင်တန်းတိုးမြှင့်ပေးခြင်းဖြင့် ဆေးရုံကူးစက်မှုကာကွယ်ရေးကို တင်းကျပ်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။ တစ်ချိန်တည်းတွင်ပင် ပညာရှင်၊လူနာ၊အရင်းအမြစ်နှင့်ကုသမှု တစ်စုတစ်စည်းတည်း အားဖြည့် ပြုလုပ်ခြင်း၊ ရောဂါထိန်းချုပ်ရေးအသိပညာပေးလေ့ကျင့်မှုများ လွှမ်းခြုံနိုင်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း မာရှောင်ဝေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ရေးအတွက် အားဖြည့်ဆောင်ရွက်ရန် ပြင်ဆင်ထားသော မီးမျက်လုံး(Fire Eye)ဓါတ်ခွဲခန်းများအား ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၇ ရက်အထိ ရှီကျားကျွမ်း ရောဂါထိန်းချုပ်ရေးတွင် အရေးပေါ်အားဖြည့်ကူညီရန် သွားရောက်သော ဆေးဝန်ထမ်း (၃,၀၀၀)ရှိပြီဖြစ်ပြီး အလုံးစုံ Nucleic acid ဆေးစစ်နိုင်ရန် အစွမ်းကုန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေ့တန်းအင်အား ပြည့်ဝအောင် ဆေးဝန်ထမ်းများကို လက်တွေ့အလေးပေးဂရုစိုက်မှုများ ပေးရမည်ဖြစ်ပြီး အစားအသောက် ၊ အချိန်ပိုဆင်းခြင်း ၊အလှည့်ကျအနားယူရန် စသည့် ကဏ္ဍစုံတွင် ကောင်းမွန်သည့် အခြေအနေ ဖန်တီးပေးရမည်ဖြစ်သလို ဆေးရုံလူနာများ၏ နေ့စဉ်စောင့်ရှောက်ရေးစီမံမှုများကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း မာရှောင်ဝေက ဆိုသည်။

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့တွင် ကပ်ရောဂါထိန်းချုပ်ရေးအတွက် အားဖြည့်ဆောင်ရွက်ရန် ပြင်ဆင်ထားသော မီးမျက်လုံး(Fire Eye)ဓါတ်ခွဲခန်းများအား ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီကျားကျွမ်းမြို့ရှိ လူပေါင်း (၁၀.၂၅)သန်း၏ ပထမအကြိမ် Nucleic acid ဆေးစစ်မှုများ ပြီးဆုံးခဲ့ပြီဖြစ်ရာ စုစုပေါင်း positive လူနာ(၃၅၄) ဦး တွေ့ရှိပြီး ၎င်းတို့အနက် (၈၇) ရာခိုင်နှုန်းမှာ ရှီကျားကျွမ်းမြို့ ကောင်းချန်ဒေသမှဖြစ်ကြောင်း၊ ကူးစက်မှုတွင် စုစည်းမှုနှင့် ဆက်စက်မှုများပြားရာ ရောဂါထိန်းချုပ်ရေးအခြေအနေ ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————-
(Chinese Version)

(聚焦疫情防控)国家卫健委:全力以赴阻断疫情扩散蔓延

新华社北京1月9日电(记者彭韵佳、王琳琳)国家卫生健康委员会主任马晓伟8日在河北省疫情防控工作视频会议中强调,要增强对疫情防控重要性、紧迫性的认识,全面进入应急状态,加强河北省疫情防控工作,全力以赴阻断疫情扩散蔓延。
为深入了解疫情,马晓伟于5日率队奔赴河北指导疫情防控工作,实地考察石家庄市小果庄村、石家庄市疾控中心和定点医疗救治机构、隔离点等,并组织相关部门研判疫情形势。
 马晓伟说,要切实加强重点防控措施落实,把已经部署的措施落地、落细、落小、落实,坚持以核酸检测为中心扩大预防,确保全员核酸检测进度和质量,坚持以流调为基础迅速隔离潜在传染源,加强多部门协作,尽快查明传播链条。
马晓伟表示,要准备充足的隔离房间,严格标准规范开展人员隔离,防止隔离期间交叉感染。要坚决实现医院“零感染”,强化医护人员培训,严格院感防控措施,个体诊所、村卫生室、乡镇卫生院等接诊发热患者,要询问病史,发现可疑情况立即联系转运。同时,要坚持“四集中”强化医疗救治,坚持防控知识培训全覆盖,最大程度形成疫情防控共识。
截至7日,3000名医务人员紧急驰援石家庄疫情防控,全力推进全员核酸检测。马晓伟说,要切实关心关爱医疗卫生工作人员,进一步充实一线力量,从饮食调节、加班调休等方面创造有利条件,同时做好在院患者生活照护管理。
  据了解,石家庄市已完成1025万人第一轮核酸检测,累计检出阳性354人,其中87%主要集中在石家庄市藁城区,集中度高且关联性极强,疫情防控形势依然严峻。(完)
图说:新华社照片,石家庄,2021年1月8日
河北石家庄:“火眼”实验室助力疫情防控。 新华社记者 杨世尧 摄